20 C
Yangon

ရွှေဘိုနှင့် မြင်းမူတွင် မိုင်းရှင်းနေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၇ ဦးသေဆုံ

Must read

ရွှေဘိုနှင့် မြင်းမူတွင် မိုင်းရှင်းနေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၇ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မိုင်းရှင်းရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရွှေဘိုမြို့နယ် ညောင်ကိုင်း ပျူစောထီးရွာမှ မိုင်းရှင်းရန် ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများကို ဂျိုးမြေဇင်း မင်းကောင်မြောင်း တံတားဖြူ အနီးတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရပြီး စစ်သား ၃ ဦးသေဆုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး (😭.T)- SHWEBO (LPDF)အဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ -LDF၊ ဖား‌ရွှေ‌ကျော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DOG KILLER- SHWEBO PEOPLE DEFENCE FORCE၊ မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့၊ နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ် အင်အားစုများတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် မိုင်းရှင်းနေသော အကြမ်းဖက်စစ်သားများ မိုင်းခွဲတိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း Dog Killers PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၂၁ ရက် နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ အကြမ်း ဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်နှင့်ပေါင်းများရောက်ရှိနေသဖြင့် မြင်းမူမြို့မှ မိုင်းရှင်း လင်းရေး တာဝန်ယူ ထား သော အကြမ်းဖက်စစ်သားများသည် အင်အား ၄၀ ခန့်ဖြင့် မိုင်းရှင်းလင်း ရန်ထွက်လာ ရာ ဝမ်းပြည့် ကျေးရွာ နှင့် အလ္လကပ္ပကြားရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့‌ထောင်ထားသော မိုင်းကို တွေ့ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ဖောက်ခွဲပြီး မိုင်းအနီးသို့ ကပ်လာစဉ် ဖောက်ခွဲ တိုက်ခိုက် ခဲ့ရာ စစ် သား ၄ ဦးသေဆုံး ခဲ့ကြောင်း သိရ သည်။

“မိုင်းကိုတွေ့တော့ လက်နက်ကြီးနဲ့ပစ်တယ်၊ စက်လက်နဲ့ပစ်တယ်၊ မိုင်းက မကွဲဖူး၊ မကွဲတော့ အနား ကပ်လာတဲ့အချိန် ဆွဲလိုက်တာ စစ်ခွေး အလောင်းတွေကို မြင်းမူကို ကားနဲ့သယ်သွားတယ်။ PDF ရဲဘော်တွေ ဘေးကင်းတယ်” ဟု Dog Killers PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD)၊ တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force ၊ Myinmu(PKDF.MMU)၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်းပ က ဖ၊ TAUNGTHA People DefenseForce(TTAPDF)၊ D.B.B.F MMU မဟာမိတ်အဖွဲ့များ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article