31 C
Yangon

လောင်းလုံးတွင် အောက်ကျောက်ဝပ် ကျေးရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

Must read

လောင်းလုံးတွင် အောက်ကျောက်ဝပ် ကျေးရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၂၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အောက်ကျောက်ဝပ် ကျေးရွာသား ၁ ဦးကို ပစ်သတ်ပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့​​ကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာတို့ကို ရေကြောင်းနှင့် ကုန်းကြောင်းတို့ဖြင့် စစ်ကြောင်းထိုး စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အောက်ကျောက်ဝပ် ကျေးရွာသား ကိုအောင်မင်းစိုးကိုလည်း စစ်တပ်က ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

” ပျက်စီးဆုံးရှုံးမှုတော့ အတည်မပြုနိုင်သေးဘူး။ ညောပြင်ရွာကတော့ ရွာလုံးကျွတ် ပြာကျသွားတယ်လို့တော့ သိရတယ်။ အောက်ကျောက်ဝပ်ရွာ အခြေအနေတော့ မသိရသေးဘူး။ စစ်ခွေးတွေက အောက်ကျောက်ဝပ်ရွာသား ၁ ဦးကို ပစ်သတ်သွားတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDFမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article