32 C
Yangon

ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲ ဧရိယာအတွင်း၌ ဗိုလ်ကြီး ရဲဇော်ထွေးအပါအဝင် စစ်သားအချို့၏ ရုပ်အလောင်းများတွေ့ရှိ

Must read

ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲ ဧရိယာအတွင်း၌ ဗိုလ်ကြီး ရဲဇော်ထွေးအပါအဝင် စစ်သားအချို့၏ ရုပ်အလောင်းများတွေ့ရှိ

ရန်ကုန်၊ မတ် ၂၂

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက် ပွဲ ဧရိယာနယ်မြေတစ်ခုတွင် အကြမ်းဖက်စစ်တပ်မှ ၃ ပွင့်ဗိုလ်ကြီး ရဲဇော်ထွေးအပါအဝင် စစ်သားအချို့မြှုပ်နှံထားသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း KNDF တပ်ရင်း ၉ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၁ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ အရှေ့ခြမ်း၊ ဒေါစဲကျေးရွာအနီး တိုက်ပွဲဖြစ်ရာ ပတ်ဝန်းကျင်ကို နယ်မြေရှင်း လင်းရေးလုပ်ဆောင်ခဲ့ရာ ဖြစ်သလို ကျင်းတူးပြီး မြေမြှုပ်ထားသော အလောင်းများ၊ အမှတ် ၅၁၇ ပါ ခဲယမ်း စာရင်းပြုစုထားသည့် ရွက်တစ်ရွက်၊ အမှတ် ၅၁၇ ခြေမြန်တပ်ရင်း ဖွဲ့စည်းမှု စာရွက် တစ်ရွက်၊ စစ်သီချင်းနာမည်နှင့် အဆိုတော်နာမည်များရေးထားသည့် စာရွက်တစ်ရွက်၊ စစ်သင်တန်း အ တွင်း သင်ကြားသော မှတ်စု စာအုပ် တစ်အုပ်၊ ကျည်ပေါက်ထွက်နေသော သံဦးထုပ်တစ်လုံး၊ ၃ ပွင့် တံဆိပ်ပါ ပခုံးဒေါက် ၂ ခုနှင့် ခဲယမ်းကျည်များတွေ့ရှိခဲ့ကြောင်း သိရသည်။

“တနီးလာလဲတောင်ကနေ တပ်ဆုတ်သွားပြီးတော့ နယ်မြေရှင်း လင်းရေးလုပ်တဲ့အချိန်မှာ စစ်ခွေးတွေရဲ့ အလောင်းနဲ့ ပစ္စည်းတွေ တွေ့ခဲ့တာပါ၊ ၃ ပွင့်နဲ့စစ်ခွေးသေတာ ၂၁ ရက်နေ့ကမှ အ တည်ပြုနိုင်တာ၊ ၃ ပွင့်ဗိုလ်ကြီးရဲ့ နာမည်က ရဲဇော်ထွေးပါ၊ အပေါက်(ကျင်း)သေးသေးလေးတူပြီးမှ ဒီအတိုင်းဖုံးဖိထားတာ၊ ၂ လောင်း ၃ လောင်း လောက်တော့တွေ့ထားတယ်၊ ခွေးတွေက စစ်ကြောင်းထိုးနေလို့ နယ်မြေရှင်းလင်းရေးက မပြီး သေးဘူး၊ စာရွက်စာတမ်းအချို့လဲ သိမ်းဆည်းရထားတယ်” ဟု KNDF တပ်ရင်း ၉ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းသို့ အကြမ်းဖက်စစ်တပ်က အင် အား ၃၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိရာ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၅ ရက်ကြာခဲ့ပြီဖြစ်ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်သား အများအပြား သေဆုံးကာ အရှင်ဖမ်းမိသူများလည်း ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်ဘက်မှ စစ်အင်အားဖြည့်တင်းကာ ဆက် လက်စစ်ကြောင်းထိုးနေမှုကြောင့် ခုခံကာကွယ်နိုင်ရန် လက် နက် ခဲယမ်းလိုအပ်ချက်ဖြစ်ပေါ်နေပြီး မိဘပြည်သူများနေဖြင့် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြပါရန် KNDF တပ် ရင်း ၉ က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article