29 C
Yangon

အင်းတော်တွင် ရိက္ခာပို့ယာဉ်တန်းနှင့် လုံခြုံရေးစစ်သားများကို တိုက်ခိုက်မှု ၁၀ ဦးကျော် သေဆုံး

Must read

အင်းတော်တွင် ရိက္ခာပို့ယာဉ်တန်းနှင့် လုံခြုံရေးစစ်သားများကို တိုက်ခိုက်မှု ၁၀ ဦးကျော် သေဆုံး

ရန်ကုန်၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နှင့် ကသာမြို့နယ်ကြားတွင် ရိက္ခာပို့ အကြမ်းဖက် စစ်ယာဉ်တန်းနှင့် လမ်းလုံခြုံရေးယူပေးသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း Indaw Revolution – IR မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၀ ရက် နံနက် ၉ နာရီခန့်က အင်းတော်မြို့မှ ဗန်းမောက်မြို့သို့ ရိက္ခာပို့ရန် ထွက်ခွာမည့် ယာဉ်တန်း ၃၅ စီးထွက်ခွာနိုင်ရန် လမ်းလုံခြုံရေးယူရန် ထွက်ခွာလာသော အကြမ်း ဖက်စစ်သား ၁၀၀ ခန်ကို အင်းတော်-ကသာလမ်းပိုင်း ၁၀ မိုင် ကျောက်ခဲစက်အနီး၌ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးပြီး အ များအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂၀ ရက်နေ့မှာ လမ်းလုံခြုံရေး ပွိုင့်ယူပြီး ၂၁ ရက်နေ့မှာ အင်းတော်ကနေ့ ယာဉ်တန်း စထွက်ပါတယ်၊ယာဉ်တန်းက ဗန်းမောက်ကို ရိက္ခာသွားပို့တာ၊ တိုက်ပွဲက ၂၀ ရက်နဲ့ ၂၁ ရက် ၂ ရက်ဖြစ်ခဲ့တာ၊ တိုက်ပွဲ ဝင်ရဲဘော်တစ်ဦးပြောပြတာတော့ သူတို့ရှေ့မှာတင် ခွေးတွေ ပစ် ပစ် လဲတာတွေ မြင်ရတယ်၊ ခွေးတစ်ကောင်ဆို သေနတ်မှန်ပြီး သူ့လူတွေ လာကယ်ဖို့ အော်နေတာ ကြားနေရတယ်တဲ့” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၁ ညနေ ၄ နာရီခန့်တွင် အင်းတော်မြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို KIA ၊KPDF ပူးပေါင်းတပ်ဖွဲ့များမှ ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ခန့်နေရာတွင်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများကို ကသာမြို့ရှိ အ ကြမ်းဖက်စစ်တပ် ၃၀၉ အတွင်းသို့ သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဗန်းမောက်သို့ ရိက္ခာသွားရောက်ပို့ဆောင်သော အကြမ်းဖက်စစ်ကား ၃၅ စီးသည် အင်းတောကို ပြန်ဆင်းလာပြီး အင်းတော်မှတဆင့် ကသာဘက်သို့ ပြန်ဆင်းသွားကာ ကသာမြို့ရှိ ၃၀၉ တပ်မှ တဆင့် ထီးချိုင့်မြို့နယ်ထဲသို့ ဆက်လက်ဆင်းသွားပြီဟု သတင်းရရှိထားကြောင်း ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article