32 C
Yangon

ဒီးမော့ဆို၊ ဒေါတမကြီးအုပ်စုတွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ကရင်နီတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရ

Must read

ဒီးမော့ဆို၊ ဒေါတမကြီးအုပ်စုတွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ကရင်နီတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၂

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စုအ တွင်း တိုက်ပွဲတွင် အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားနေပြီး တိုက်လေယာဉ်ဖြင့် စစ်ကူပေးတိုက်ခိုက်မှုကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးကာ၂ ဦး ဒဏ်ရာရရှိထားကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသ တင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၁ ရက် နံနက် ၁၀ နာရီခန့်မှ ညနေ ၆ နာရီခန့်အထိ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အ ကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သာ အများအပြားသေဆုံးကာ အထိနာခဲ့သဖြင့် လက်နက်ကြီးပစ်ကူအ ပြင် တိုက်လေယာဉ် ၂ စီးဖြင့်ပါ ၆ ကြိမ် ထက်မနည်းဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲထဲမှာ စစ်တပ်ဘက်က အတော်ထိနာတယ်၊ စစ်သားတွေအသေများတော့ တိုက်လေယာဉ်နဲ့လာပစ်တာ၊ တိုက်ပွဲကဆက်ဖြစ်နေတော့ ဘယ်လောက်သေတယ်ဆိုတာ မသိရသေးဘူး၊ ကျနော်တို့ဘက်က ရဲဘော် ၁ ဦး ကျတယ်၊ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရထားတယ်၊ ဒီနေ့လည်း တိုက်ပွဲက ဆက်ဖြစ် နေတယ်၊ အရင်က ရှိတဲ့ စစ်အင်အာနဲ့ ၇ ရက်နေ့က စစ်သား ၇၀ လောက်ထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေတာ၊ တိုက်ပွဲကတော့ နေ့ တိုင်းပါပဲ” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ပွဲဖြစ်ရာနေရာသို့ အကြမ်းဖက်စစ်တပ်ကတိုက်လေယာဉ် ၂ စီးဖြင့် ညနေ ၅ နာရီနှင့် ၆ နာရီကြားတွင် ၆ ကြိမ်ထက်မနည်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် ဘောလခဲမြို့မှလည်း လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ယင်းဒေသတွင် အင်တာနက်လိုင်း၊ ဖုန်းလိုင်းများဖြတ်တောက်ခံထားရသဖြင့် ဆက်သွယ်ရေးခက်ခဲလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article