32 C
Yangon

နတ်တလင်းနှင့် ပခုက္ကူ ရှိ ကျေးရွာများ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

Must read

နတ်တလင်းနှင့် ပခုက္ကူ ရှိ ကျေးရွာများ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၂

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကြက်မနက်ကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သား များကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Phoenix D-F (Nattalin PDF)မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၉ ရက်ညနေ ၆ နာရီခန့် နတ်တလင်းမြို့အရှေ့ဘက် ကြက်မနက်ကျေးရွာ၌ အင်အား ၄၀ ခန့် ဖြင့် အထို်ငချတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သူတို့စခန်းချတဲ့နေရာအထိ ဝင်ပစ်တာ၊ တစ်ယောက်သေတာကတော့ အတိအကျအတည်ပြုလို့ ရတယ်၊ အပြန်အလှန်ပစ်ခတ်ခဲ့တာဆိုတော့ ထိခိုက်ဒဏ်ရတာမျိုးတော့ရှိနိုင်တယ်၊ အ တိအကျပြောလို့ မရတာ၊ကျနော်တို့ရဲဘော်တွေအထိအခိုက်မရှိခဲ့ပါဘူး၊ ပြည်သူတွေလဲ ထိခိုက်တာ မရှိပါဘူး” ဟု Phoenix D-F (Nattalin PDF) မှ သ တင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoenix D-F (Nattalin PDF) နှင့် ပြည်ခရိုင် တပ်ရင်း ၂၆၀၁ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ နတ်တလင်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေသဖြင့် အကြမ်းဖက် စစ် သားများက ပြည်သူလူထုအပေါ် ခြိမ်းခြောက် နည်းမျိုးစုံဖြင့် ဖိအားပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မိဘပြည်သူများနေဖြင့် အကြမ်းဖက်စစ်သားများနှင့် အနီးအနားတွင် နေထိုင်ခြင်း၊ အကြမ်း ဖက်စစ်သားများနှင့် ခရီးအတူသွားလာခြင်း၊ အဆက်အသွယ်ပြုလုပ်ခြင်းတို့ ရှောင်ရှားကာ သတိဖြင့် နေထိုင်ကြရန် Phoenix D-F တပ်ဖွဲ့က သတိပေးထားသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင်လမ်းမပေါ် အင်ပင်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Royal Defence Force (MYG) ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီခန့်က အင်ပင်ကျေးရွာဘုန်းကြီးကျောင်းအနီးလမ်းပေါ်၌ အင်အား ၂၀ ခန့်ဖြင့် တပ်စွဲပြီး ခရီးသွားပြည်သူများကို ဆတ်ကြေးကောက်ခံနေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ အ ဆောက်အအုံအတွင်း ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်စစ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်သားများမှာ လွန်ခဲ့သော ၅ လခန့်က တပ်စွဲနေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Photo – ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article