လှိုင်သာယာမြို့နယ် ထွေအုပ်ရုံးနှင့် အစိုးရဥပဒေလိုင်းခန်း ဗုံးခွဲတိုက်ခိုက်ခံရ
ရန်ကုန်၊မတ် ၂၂
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ တံတားဖြူမှတ်တိုင်အနီးရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးရုံးနှင့် ဥပဒေလိုင်းခန်းအား ဗုံး၊ မိုင်းဖြင့်တိုက်ခိုက်ခံခဲ့ရကြောင်း HTY Scout information မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့မတ်လ ၂၂ ရက် နံနက် ၅ နာရီခန့်က လှိုင်သာယာမြို့နယ် စုပေါင်းရုံးများအခြေစိုက်ရာ တံတားဖြူမှတ်တိုင်အနီးရှိ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်အစိုးရ ဥပဒေရုံးလိုင်းခန်းအား KM18 – Black Spaciow Squad (BSS) နှင့် Underground Revolution Knights Force( URKF) တို့မှ လက်ပစ်ဗုံး၊အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
“ထွေအုပ်ရုံးနဲ့ ဥပဒေရုံးနှစ်ခု ပေါက်ကွဲခဲ့တာ၊ ထိခိုက်မှုကတော့ ကြီးကြီးမားမား မရှိဘူးဗျ၊ ‘အုံး’ ဆိုတဲ့ ပေါက်ကွဲသံက ကြားရတာ တော်ကျယ်တယ်၊ အဲဒီနေရာက ခွေးတွေပုံမှန်အဝင်၊အ ထွက်ရှိတယ်ဗျ၊ ဒီနေ့ နေ့ခင်း လောက်က စပြီး မြို့နယ်ထဲ ဆိုင်ကယ်တွေ ပိတ်ဖမ်းနေတယ်၊” ဟု HTY Scout information မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ဖောက်ခွဲတိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်စစ်မိစ္ဆာတပ်မှ စစ်ကိုင်းတိုင်းနှင့် ကရင်နီဒေသများသို့ လက်နက်အင်အားအမြောက်အများအသုံးပြုကာ ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုတို့လုပ်ဆောင်နေသဖြင့် တုံ့ ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားပြည်သူ့ကာ ကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။