27 C
Yangon

မန္တလေးမြို့တွင် ရဲ ၁ ဦးနှင့် ရာအိမ်မှူး ၂ ဦး ပစ်ခတ် ခံရပြီး သေဆုံး

Must read

မန္တလေးမြို့တွင် ရဲ ၁ ဦးနှင့် ရာအိမ်မှူး ၂ ဦး ပစ်ခတ် ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၃

မန္တလေးမြို့၊ အမရပူရမြို့နယ်နှင့် အောင်မြေသာစံမြို့နယ် တို့တွင် ရဲ ၁ ဦး၊ ရာအိမ်မှူး ၂ ဦး ဗုံးခွဲ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အောင်စည်တော်စစ်ဆင်ရေးထံမှ သိရသည်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အမရပူမြို့နယ် တရားရုံးနှင့် အစောင့်ရဲများကို အောင်စည်တော် စစ်ဆင်ရေး ရဲဘော်များက လက်ပစ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အစောင့် ရဲ ဖော်ဆန်းဦး သေဆုံးပြီး လှခိုင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ လမ်း ၈၀၊ ၇ လမ်းနှင့် ၈ လမ်းကြားရှိလက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အကြမ်းဖက်စစ်လက်အောက်ခံ သတင်းပေး ရာအိမ်မှူး ၂ ဦးပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သိရသည်။

မတ်လ ၂၂ ရက်က MARF ဗိုလ်အောင်မြေအဖွဲ့အား အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးရာ လမ်းပြ အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး သတ်ဖြတ်ရာတွင် အားပေးကူညီခဲ့သော အမရဌာနီ အရှေ့ရပ်ကွက် အကွက် ၁၉ ရာအိမ်မှူး စိုးနိုင်နှင့် အကွက် ၁၉/က ရာအိမ်မှူး ဝင်းကိုတို့ကို အောင်စည်တော်စစ်ဆင်ရေးရဲဘော်များ က ကျည် ၈ တောင့်ဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ပြီးအကြမ်းဖက် စစ်တပ် သတင်ပေးမျးအား အရှိန်အဟုန်မြင့်ကာ တိုက်ခိုက်ရှင်းလင်း သွား မည်ဖြစ်ကြောင်း အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article