31 C
Yangon

မြ၀တီ ကုန်သွယ်ရေးဇုန်တိုက်ပွဲအတွင်း သွင်းကုန်ရုံး မီးလောင်သွားခဲ့သော်လည်း ကြိုတင် သတင်းရရှိ၍ ဌာနပေါင်းစုံ ဝန်ထမ်း တစ်ရာနီးပါး လွတ်​မြောက်ရှောင်တိမ်းနိုင်ခဲ့ဟုဆို

Must read

မြ၀တီ ကုန်သွယ်ရေးဇုန်တိုက်ပွဲအတွင်း သွင်းကုန်ရုံး မီးလောင်သွားခဲ့သော်လည်း ကြိုတင် သတင်းရရှိ၍ ဌာနပေါင်းစုံ ဝန်ထမ်း တစ်ရာနီးပါး လွတ်​မြောက်ရှောင်တိမ်းနိုင်ခဲ့ဟုဆို

ရန်ကုန်၊ မတ် ၂၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကုန်သွယ်ရေးဇုန်တွင် ယနေ့ နံနက်ပိုင်း KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သွင်းကုန်ရုံး မီးလောင်သွားခဲ့ပြီး ယင်းရုံးအပါအဝင် ကုန်သွယ်ရေးဇုန်တွင် တာဝန်ထမ်းဆောင်နေသော ဌာနပေါင်းစုံမှ ဝန်ထမ်းတစ်ရာ နီးပါး အချိန်မီ ရှောင်တိမ်းလွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၄ ရက်နေ့ညကတည်းက မြ၀တီကုန်သွယ်ရေးဇုန်တွင် တာန်ထမ်းဆာင်နေသော ဌာနပေါင်းစုံမှ ဝန်ထမ်း ၁၀၀ နီးပါးက ကြိုတင် သတင်းရရှိ၍ မြ၀တီမြို့ထဲသို့ ရှောင်တိမ်းနိုင်ခဲ့ကြကြောင်း၊ ယနေ့ နံနက် အစောပိုင်း တိုက်ပွဲဖြစ်ပွားချိန်တွင် ဝန်ထမ်းများအားလုံး ဘေးကင်းကြောင်း သိရှိရသည်။

“Non-CDM ဝန်ထမ်းတွေကတော့ မနက်ပိုင်း လာတိုက်မယ်ဆိုတာ ညကတည်းက သတင်းရလို့ ကုန်သွယ်ရေးဇုန်ကို ညကတည်းက စွန့်ခွာပြီး မြ၀တီမြို့ထဲ ရှောင်ကြတာ။ ဌာနပေါင်းစုံ ၁၀၀ နီးပါးလောက် လွတ်မြောက်ပါတယ်” ဟု ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောသည်။

တိုက်ပွဲမဖြစ်ပွားမီ အရပ်ဘက်ဝန်ထမ်းများ မထိခိုက်စေရေးအတွက် ကြိုတင် သတိပေးချက်များ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းသတိပေးချက်များကြောင့် အရပ်သားဝန်ထမ်းများ ထိခိုက်ခြင်းမရှိဘဲ လွတ်မြောက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။

ဓါတ်ပုံ- ယ​နေ့နံနက်ပိုင်း မီး​လောင်ထားသည့် မြဝတီ ကုန်သွယ်​ရေးဇုန်၊ သွင်းကုန်ရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article