27 C
Yangon

NLD အစိုးရလက်ထက် စိုက်ပျိုးရေးချေးငွေများကို အတင်းအဓမ္မ ပြန်ဆပ်ရန် စစ်ကောင်စီက ဖိအားပေးနေပြီး ပြန်ပေးဆွဲသည့် ပုံစံဖြင့် ဖမ်းချုပ် ငွေတောင်း၊ ချေးငွေမဆပ်လျင် လယ်သိမ်းမည်ဟုဆို

Must read

NLD အစိုးရလက်ထက် စိုက်ပျိုးရေးချေးငွေများကို အတင်းအဓမ္မ ပြန်ဆပ်ရန် စစ်ကောင်စီက ဖိအားပေးနေပြီး ပြန်ပေးဆွဲသည့် ပုံစံဖြင့် ဖမ်းချုပ် ငွေတောင်း၊ ချေးငွေမဆပ်လျင် လယ်သိမ်းမည်ဟုဆို

ရန်ကုန်၊ မတ် ၂၆

NLD အစိုးရလက်ထက်တွင် တောင်သူများထံသို့ စိုက်ပျိုးရေးချေးငွေများကို အတင်း အဓမ္မ ပြန်ဆပ်ရန် စစ်ကောင်စီက ဖိအားပေးနေပြီး ပြန်ပေးဆွဲသည့် ပုံစံ ဖြင့် ဖမ်းချုပ် ငွေတောင်းလျက်ရှိကြောင်း၊ အကြွေးမဆပ်လျှင် လယ်မြေများကို စစ်တပ်ပိုင် အဖြစ် သိမ်းယူမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း တောင်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း ပြည်မြို့ အရှေ့ဘက် ဝက်ထီးကန်မြို့ဘက်ရှိ ကျေးရွာများရှိ တောင်သူ များကို NLD အစိုးရလက်ထက်တွင် ထုတ်ချေးပေးခဲ့သည့် ချေးငွေများကို ရဲစခန်း များမှ တစ်ဆင့် တောင်သူများကို ခေါ်၍ အတင်းအဓမ္မ လိုက်တောင်း နေပြီး ချေးငွေ မဆပ်နိုင်သည့် တောင်သူများကို အချုပ်ထဲထည့်ခြင်းများနှင့် ချေးငွေ ပိုတောင်းခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံ တောင်သူများ ထံမှ သိရှိရသည်။

“ရဲစခန်းတွေကမှ တောင်သူတွေကို ခေါ်ပြီး တောင်းပါတယ်။ ပြေလည်ရာ ပြေ လည် ကြောင်းလည်း ပြောလို့ မရပါဘူး။ ပိုက်ဆံပါမလာရင် တစ်ခါတည်း အချုပ် ထဲ ထည့်အိမ်ကနေ လိုက်ရွေးခိုင်ပါတယ်။ တစ်ဝက်ပဲ ဆပ်ပါရစေ ကျန် တစ်ဝက် ကို ရက်ချိန်းပေးပါ ပြောပေမယ့် အပေးမခံဘဲ တစ်ခါတည်း အကျေ ဆပ် ခိုင်းပါတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ရန်ကုန်ခတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။

တောင်သူများအနေနှင့် ဝက်ထီးကန်ရဲစခန်းက ခေါ်ခြင်းကို မလာပါက ရွာထဲ အထိ အတင်းဝင်ရောက် ဖမ်းဆီးခေါ်ဆောင်မှုများရှိကြောင်း၊ ချေးငွေများမှာ စိုက်ပျိုးချေးငွေဘဏ်၊ သမဝါယမ ဘဏ်များမှ ကိုဗစ်ကာလအတွင်း ထုတ်ချေး ပေးထားသည့် ပိုက်ဆံများကို အတင်းအဓမ္မ ချက်ချင်းဆပ်ရန် ရဲများနှင့် ဖမ်းခိုင်း ၍ တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စိုက်ပျိုးချေးငွေဘဏ်ဆို ၂၀၁၆ မိုးရာသီ စိုက်ပျိုးချေးငွေကနေ စတောင်းတာပါ။ ၂၀၁၆ စိုက်ပျိုးချေးငွေဆို အမေစု လက်ထက်က တောင်သူတွေကို အခု အတင်း အဓမ္မလည်း မတောင်းခဲ့ပါဘူး။ အခုက လက်နက်ပြ အတင်း အဓမ္မ တောင်းနေတာပါ။ အခု တောင်သူတွေက ကိုယ့်အိမ်မှာ ရှိသမျှ ပစ္စည်းတွေ ရတဲ့ ဈေးနဲ့ပဲ ရောင်းချပြီး ပေးနေရတာပါ။ မပေးနိုင်တဲ့ လူတွေကျတော့ လူကို ဖမ်းတယ်။ လူကို မတွေ့ရင် ပိုင်ဆိုင်မှုကို သိမ်းမယ်ဆိုပြီးတော့လည်း ခြိမ်း ခြောက် နေပါတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောပြသည်။

စိုက်ပျိုးရေးချေးငွေ အကျေပ်မဆပ်နိုင်သူကို ဖမ်းဆီးထားရာတွင်လည်း အစွန်း ထွက် ထောင်ဂဏန်းလိုသည့် ပိုက်ဆံများမှ အစ လာဆပ်ရန် ပြောဆိုပြီး ၇ သိန်း ဆပ်ရမည့် တောင်သူက ၅ သိန်း ပေးပြီး ကျန်ရှိငွေများ တဖြည်းဖြည်း ဆပ်ရန် မေတ္တာရပ်ခံချက်များကိုလည်း လက်မခံကြောင်း၊ ပိုက်ဆံရမှ ဖမ်းဆီးထားသည့် တောင်သူများကို လွှတ်ပေးသော ပြန်ပေးဆွဲသည့် ပုံစံများဖြင့် ချေးငွေ ပြန် တောင်း ခံ နေခြင်း ဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောဆိုသည်။

ထိုသို့ ချေးငွေဆပ်ရန် အတင်းအဓမ္မပြန်ပေးဆွဲသည့် ပုံစံနှင့် တောင်းခံ ခံနေရ သည့် ကျေးရွာများမှာ ကျေးရွာ ၁၅ ရွာထက် မနည်းရှိနေပြီး ဖမ်းဆီးချုပ် နှောင်ခံရမှု များရှိနေကြောင်း၊ အိမ်ခြံများကိုပါ ရောင်းချ၍ အကျေဆပ် နေရ သည့် တောင်သူများလည်း ရှိနေကြောင်း၊ ချေးငွေများကို ပြန်တောင်း ရာတွင်လည်း ပို၍ တောင်းခံနေကြောင်း တောင်သူများ ထံမှ သိရှိရသည်။

“ပိုက်ဆံကျတော့လည်း တောင်သူတွေချေးထားတာက သူတို့တောင်း သ လောက် မဟုတ်ဘူး။ ရှင်းပြတော့လည်း လက်မခံဘူး။ ပိုတောင်းပါတယ်။ အရင်က လတိုင်းသွင်းထားတဲ့ ပိုက်ဆံကျ သူတို့ ရှင်းမပြပါဘူး။ အဲဒါက အ ချုပ်ထဲ ထည့်လိုက်ပြီ အဲဒီလိုပဲ ပြောတယ်။ လယ်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက် တာမျိုးလည်း ရှိတယ်။ ပုံစံ ၇ သိမ်းမယ်။ လူတွေ့ရင် လူဖမ်းမယ် မတွေ့ရင် ပိုင်ဆိုင် မှု သိမ်းမယ်။ အဲဒီလိုပြောတယ်။ အခုက ဒီနေ့ စိုက်ပျိုးဘဏ် နောက်‌နေ့ သမဘဏ် ၊ ဘာဘဏ် အဲဒီလို အမည်တပ်ပြီးတော့ကို တောင်းနေတာ။ ဆက်တိုက် တောင်းတယ်” ဟု ဒေသခံ တောင်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

အလားတူ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူးစိုက်ဘဏ်၊ မန်နေဂျာ က တောင်သူများထံမှ စိုက်ပျိုး စာရိတ်ချေးငွေများကို မတ်လအတွင်း အပြီး ပေး ဆပ် ရန် ဖိအားပေး တောင်းဆိုနေပြီး မပေးဆပ်လျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်နေကြောင်း၊ စိုက်ပျိုးချေးငွေ မဆပ်သည့် လယ်များကိုလည်း စစ်ကောင်စီက သိမ်းယူမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းကဲသို့ ဖြစ်စဉ်မျိုးကို ပဲခူးတိုင်း၊ ဖြူးမြို့နယ် အပါအဝင် မကွေးတိုင်း၊ စစ် ကိုင်း တိုင်း၊ ဧရာ၀တီတိုင်းတို့တွင်လည်း ကြုံတွေ့နေရ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article