အရာတော် နှင့် ဝက်လက်အကြားရှိ သမရိုး တံတားတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး၊ ရေစကြိုမြို့ ပေါ် စစ်တပ်တပ်စွဲနေရာနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ မတ် ၂၆
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နှင့် ဝက်လက်မြို့နယ် အကြားရှိ သမရိုးတံ တား တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၁၇ ဦး ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မ တော် (Chindwin Attack Force) တပ်ရင်း ၂ ၊ ၃ ၊ ၄ မှ သတင်းနှင့်ပြန်ကြား ရေးတာဝန် ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဝက်လက်မြို့နယ်၊ သမရိုးတံတား ကို ဖြတ်ကူးနေသော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ အချိန် ၁ နာရီခွဲ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၁၇ ဦး ထက်မ နည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ ကြောင်း သိရသည်။
“မအလ မုံရွာလာတဲ့အချိန် လုံခြုံရေးယူပေးဖို့ ရွှေဘိုကနေလာတဲ့ စစ်ခွေးတွေဗျ။ အင်အား ၃၀၀ လောက် ရှိတယ်၊ ၂၀၀ လောက်က ရွှေပန်းကုန်းရွာကို ရောက် သွားတယ်၊ အခုတိုက်ခဲ့တဲ့အဖွဲ့က အင်အား ၁၀၀ လောက်ရှိတယ်၊ သမရိုးကနေ ကတို့ကုန်းကို ကူးတာ၊ ကူးနေတဲ့အချိန် ဝင်ဖြတ်တိုက်တာ၊ တံတားက အရာတော် မြို့နယ်နဲ့ ဝက်လက်မြို့နယ်ကို ကူးတဲ့တံတားပါ” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (Chindwin Attack Force) တပ်ရင်း ၂ ၊ ၃ ၊ ၄ မှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ဆင်ရေးတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (Chindwin Attack Force) တပ် ရင်း ၃ ၊ တပ်ခွဲ ၃ ဂဠုန်နက် PDF ၊ 9 One PDF ၊ ယက္ခညီနောင် LPDF ၊ ဒေါင်းညီနောင် LPDF ၊ အောင် စစ်သည် LPDF ၊ တိုက်နယ်ပကဖ ၊ AK 2(ပကဖ) Danger (ပကဖ)၊ Generation Defence Force Ayardaw (ပကဖ)၊ တာနော(ပကဖ)နှင့် တော်လှန်ရေးအင်အားစုများ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
အလားတူ မတ်လ ၂၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ရေစ ကြို မြို့ပေါ်ရှိ ကပ်ကျော် ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲထားသော စစ် ကြောင်း၏ ရှေ့ကင်းဘန်ဘာကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း ၊ မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန် ရေစကြိုမြို့ပေါ်ရှိ ထင်းတန်းစာသင်ကျောင်းတွင် အထိုင်ချ တပ်စွဲ နေသော စစ်ကြောင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကြောင်း၊ မတ်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် ရေစ ကြို မြို့ရဲစခန်း နောက်ကျော သို့ ၆၀ မမ လက်လုပ် အမြောက် ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ရေစကြို မြို့ပေါ် တိုက်ခိုက်မှုများကို Southern YSO PDF၊ Urban Underground Revolution Force (UURF-YSO) နှင့် Myingyan Black Tiger တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှု ခံရသော ရေစကြို မြို့ ပေါ် ရဲစခန်း။