ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ရဲစခန်း၊ ခမရ ၅၄၅၊ ခမရ ၅၄၆ အပါအဝင် စစ်တပ် တပ်စွဲနေရာ ၅ ခုကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံး
■ ကော့ကရိတ်မြို့ပေါ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး အရပ်သားများ ပိတ်မိ နေသော်လည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ
ရန်ကုန်၊ မတ် ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ရဲစခန်း၊ ခမရ ၅၄၅၊ ခမရ ၅၄၆ အပါ အဝင် စစ်တပ်တပ်စွဲနေရာ ၅ ခုကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
မတ်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် တွင် ဂဠုန်စစ်ကြောင်း အပါ အဝင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ကော့ကရိတ် မြို့နယ်၊ ကျုံဒိုးမြို့ ရဲစခန်း ၊ ခမရ ၅၄၅ ၊ ခမရ ၅၄၆ ၊ကျုံဒိုး ဗျူဟာ ကုန်း နှင့် ဂျိုင်းတံတား အနီး တပ်စွဲထားစစ်ေကာင်စီတပ်ဖွဲ့ဝင်များကို လက်နက် ကြီး ၊လက်နက်ငယ်များ ၊Fixed Wing Drone များ၊ Sniper များဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်က လက်နက် ကြီး၊ လက်နက်ငယ်များ ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး လေကြောင်းပစ်ကူ ရဟတ် ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ကျုံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံး ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းကြောင်း၊ စစ်ဆင်ရေးကို ဂဠုန်စစ် ကြောင်း၊ ကျားဖြူတပ်ခွဲ(၃)၊ Lion Battalion နှင့်အခြားသောမဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီး များဖြင့် ရမ်းသမ်း ပစ်ခတ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သိရှိရသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့ကြောင်း၊ နေ့လယ်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် စစ်တပ်က တိုက် ခိုက်ရေး ရဟတ်ယာဉ်များ ဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“မနက်အစောကြီးကတည်းက ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်တယ်။ အရင် တစ်ခေါက်ကလိုပဲ။ ဒါပေမယ့် သတင်းက အရမ်းကြီး မထွက်ဘူး။ အပြန် အလှန် ပစ်ကြတယ်။ ရဟတ်ယာဉ်တွေနဲ့လည်း စစ်တပ်က တချိန် လုံးပစ်နေတယ်။ ပြည်သူတွေက ပြေးဖို့က ဘယ်ပြေးရမှန်း မသိဘူးဖြစ်နေတယ်။ ပတ်ပတ် လည်လည်မှာ တိုက်ပွဲဖြစ်နေတာဆိုတော့” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောဆိုသည်။


