ဘီးလင်းတွင် အသက် ၁၈ နှစ်အရွယ် အရပ်သား လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး မိုင်းထောင်မည့်သူများဟု ဝါဒဖြန့် သတင်းထုတ်ပြန်
ရန်ကုန်၊ မတ် ၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အသက် ၁၈ နှစ်အရွယ် အရပ်သား လူငယ် ၂ ဦးကို စစ်တပ်က မသင်္ကာမှုဖြင့် ပစ်သတ်ပြီးနောက် မိုင်းထောင်မည့်သူများ ဟု ဝါဒဖြန့် သတင်းထုတ်ပြန်ကြောင်း ဒေသပြည်သူများနှင့် သေဆုံးသူ လူငယ် ၂ ဦး ၏ မိတ်ဆွေများက ပြောဆိုကြသည်။
မတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ရွာ ကားလမ်းဘေးတွင် ကင်းပုန်းဝပ်နေသော ဘီးလင်းမြို့ ခမရ(၈)မှ တပ်ကြပ်ကြီး မိုးဇက်နဲ့အဖွဲ့က လမ်းလျှောက်လာသော အရပ်သား လူငယ်(၂)ဦးကို အကြောင်းမဲ့ ပစ်သတ်လိုက်ကြောင်း၊ သေဆုံးသူ လူငယ် ၂ ဦး၏ လက်ထဲတွင် ဖောက်ခွဲပစ္စည်းနှင့် စကားပြောစက်များ ထည့်ကာ မိုင်းထောင်မည့်သူများဟု ဝါဒဖြန့် သတင်းထုတ်ပြန်ကြောင်း သိရှိရသည်။
သေဆုံးသူ လူငယ် ၂ ဦးမှာ စောငပြူး အသက် ၁၈ နှစ်၊ဒေါက်ရပ်ကျေးရွာ၊ စောရဲနိုင်ဝင်း အသက် ၁၈ နှစ်၊ ဒေါက်ရပ်ကျေးရွာတို့ဖြစ်ကြောင်း သိရှိရသည်။