ယင်းမာပင်မြို့နယ် သပိတ်အင်အားစုများက စစ်တပ် ဝင်ငွေ ရရှိနေသည့် MOGE ကို အရေးယူ ပိတ်ဆို့ပေးရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၂၇
ယင်းမာပင် မြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် စစ်တပ် ဝင်ငွေ ရရှိနေသည့် MOGE ကို အရေးယူ ပိတ်ဆို့ပေးရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ လူထု သပိတ် စစ်ကြောင်းနှင့် ကျောင်းသားလူငယ်များသပိတ်စစ်ကြောင်းတို့ကပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။