ပုလဲမြို့နယ်တွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၂၇
ပုလဲမြို့နယ်တွင် သပိတ် ကော်မတီဝင်များနှင့် ဒေသပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ချီတက် ဆန္ဒပြပွဲကို ပုလဲမြို့နယ် ပအဖ၊ ပကဖ များ၊ ပုလဲလူထုသပိတ်၊ အမျိုးသမီး မဟာမိတ်အင်အားစု၊ မုံရွာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊လက်ပံတောင်း ပင်မသပိတ် အဖွဲ့ဝင်များက ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။