ရန်ကုန်တွင် ဖက်ဆစ်တော်လှန်ရေးနေ့ လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ မတ် ၂၇
မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်းစုံနှင့် လူမျိုးပေါင်းစုံပြည်သူတစ်ရပ်လုံးက စုစည်းညီညွတ်စွာနှင့် ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်နိုင်ခဲ့သည့် ၇၈ နှစ်မြောက် သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သည့် ယနေ့ မတ် ၂၇ ရက်နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့)ကို ဂုဏ်ပြုသောအားဖြင့် DPNS/YNS ရဲဘော်တို့မှ ရန်ကုန်မြို့တစ်နေရာတွင် ”ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကိုကြိုကြ” စာသားပါ ပိုစတာကမ်ပိန်းကို ပြုလုပ်ခဲ့သည်။