မြိုင်မြို့နယ်တွင် ဗကသ ကျောင်းသားများက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၂၇
မြိုင်မြို့နယ်တွင် ဗကသများ အဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများ ဦးဆောင်ကာ ယနေ့ မတ်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို မြိုင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ဒေသ ပြည်သူများ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။