30 C
Yangon

ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်တပ် ခြေကုပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ၊ ဘားအံ၊ ညောင်ကုန်း နယ် မြေရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး တော်လှန် ရေးရဲဘော် ၃ ဦးကျဆုံး

Must read

ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်တပ် ခြေကုပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ၊ ဘားအံ၊ ညောင်ကုန်း နယ် မြေရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး တော်လှန် ရေးရဲဘော် ၃ ဦးကျဆုံး

ရန်ကုန်၊ မတ် ၂၈

ထိုင်း-မြန်မာနယ်စပ်၊ ကယား(ကရင်နီ)ပြည်နယ်ရှိ BP 11 အကြမ်းဖက်စစ်တပ် ခြေကုပ်စခန်းကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၆၀ မမ လက်နက်ကြီးတစ် လက်ပါအဝင် ၆ လက်သိမ်းဆည်း ရရှိ ခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကယားပြည်နယ်နှင့်ထိုင်းနိုင်ငံ နယ်စပ် ရှိ အကြမ်းဖက်စစ်တပ် တပ်စိပ် တစ်စိပ်စာဖြင့် အထိုင်ချထားသော အကြမ်း ဖက် စစ်တပ်ခြေကုပ်စခန်းကို ကရင်နီတပ်မတော် KA နှင့်တပ်ပေါင်းစုတို့မှ အလစ်အ ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများအချို့မှာ ထွက်ပြေးသွားပြီး စစ်သား အလောင်း ၃ လောင်းနှင့် ၆၀ မမ လက်နက် ကြီး တစ်လက်နှင့် လက်နက်ငယ် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

“ဒီအချိန်က တောမီးလောင်တာရော၊ ဝါးတွေပေါက်တာရော၊ မီးခိုးတွေထူနေလို့ လူမမြင်ရတဲ့အချိန်မှာ ရုတ်တရက်ဝင်တိုက်သိမ်းခဲ့တာ၊ သူက ထိုင်းနယ်စပ် နမ့် ပါ ချောင်းရဲ့ကုန်းထိပ်မှာရှိတယ်၊ ရေကြောင်းက နေလည်း လာတယ်၊ လုံခြုံ ရေးအရ အထိုင်ချတပ်ချတဲ့တပ်စခန်းပါ၊ တပ်စိတ် တစ်စိတ် စာလောက်ပဲရှိတယ်၊ အလာင်း ၃ လောင်းကျန်ခဲ့တယ်၊ တချို့စစ်သားတွေက ထွက်ပြေးသွားကြတာ၊ စခန်းကတော့ မီးလောင် သွားတယ်လို့ပြောတယ်၊ တောမီး ကြောင့်လောင် သွား တာလား၊ ကျနော်တို့ KA ရဲဘော်တွေက ရှို့ခဲ့တာ လားတော့ မသိဘူး” ဟု ကရင် နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါအကြမ်းဖက်စစ်တပ်ခြေကုပ်စခန်းသည် ထိုင်း-ကရင်နီပြည်နယ်စပ်၊ ကယားပြည်နယ်၊ ဘောလ ခဲမြို့ နယ်နှင့် မယ်စဲ့မြို့နယ် ဆုံရာ၌ တည်ရှိပြီး ယင်းစခန်းသိမ်းတိုက်ပွဲတွင် ကရင်နီတပ်မတော် KA နှင့် တပ်ပေါင်းစုဘက်မှ အထိအခိုက်မရှိအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းနယ်မြေရဲစခန်းကို ပြည် သူ့ ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံး ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ် ပြန်သည်။

မတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့ ကာ ကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy (FFD) တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့က ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်ရှိ ညောင်ကုန်းရဲစခန်းကို မတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် ဝင် ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ခန့် သေဆုံးခဲ့ပြီး မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ၃ ဦးကျဆုံးကာ ထိခိုက် ဒဏ် ရာရ သူတချို့ရှိခဲ့ကြောင်း၊ ရဲစခန်းကို သိမ်းပိုက်ရရှိလုနီးဖြစ်ခဲ့သော်လည်း မဟာ မိတ် ပူးပေါင်းတပ်များဘက်မှ ဒဏ်ရာရရဲဘော်များ ရှိလာသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article