မြိုင်တွင် “ဒီအချိန်မှမစည်းလုံးရင် ဘယ်အချိန်မှာ စည်းလုံးမှာလဲ” စာသားကိုင်စွဲကာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ
ရန်ကုန်၊ မတ် ၃၀
မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ဒေသခံပြည်သူလူထုပူးပေါင်း၍ ယနေ့ မတ်လ ၃၀ ရက်နေ့တွင် “ဒီအချိန်မှ မစည်းလုံးရင် ဘယ်အချိန်မှာစည်းလုံးမှာလဲ”၊ “ဖက်ဆစ်ရွေးကောက်ပွဲကိုတိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ကိုင်စွဲချီတက်” စသည့် စာသားပါဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။