ပင်လောင်းနှင့်ဖယ်ခုံအစပ် တစ်လတာတိုက်ပွဲအတွင်း အ ကြမ်းဖက်စစ်သား ၂၀၀ ကျော်သေဆုံးပြီး ၁၀၀ ထက်မနည်းဒဏ်ရာရ
ရန်ကုန်၊ မတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အစပ် တစ်လတာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၀၀ ကျော်သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း 1007 Mobye PDF ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိအကြမ်း ဖက်စစ်ကောင်စီတပ်နှင့် 1007 Mobye PDF၊ Phekhon Zone(KNDF)၊ 1001 Mobye PDF၊ 1002 PK PDF ၊ PNDF(KK)၊ DMO PDF ၊ DMO Local PDF ၊ 1009 IPDF ၊ 1008 SSRY နှင့်မဟာမိတ်တပ်ပေါင်းစုများအကြား တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးကာ ၁၀၀ ဦးထက်မနည်းဒဏ်ရာရရှိခဲခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ထံ မှ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁၀ ဦးကျဆုံးကာ ၁၅ ဦးအထက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
မတ်လ ပထမပတ်အတွင်း အထိနာသော အကြမ်းဖက်စစ်တပ်မှ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအ တွင်းရှိ ရဟန်းသံဃာ ၃ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၂၂ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်အပြင် ကျေးရွာကိုလည်းမီး ရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းဒေသတွင် ယနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှု ၂၆ ကြိမ် ရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စစ်ဘေးရှောင်များ ခိုလှုံရာနေရာများကိုလည်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်အစပ်တွင် အကြမ်းဖက်စစ်တပ်က ယနေ့အထိ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် လှုပ်ရှားနေကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအ နေဖြင့် ခုခံတိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများထံသို့ လက်နက်ခဲယမ်းဖိုးများ ကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းကြောင်း 1007 Mobye PDF က ထုတ်ပြန်ထား သည်။




