29 C
Yangon

Breaking News- တိုက်ကြီးမြို့နယ်ရှိ အမှတ် ၁၁ ကပစ လက်နက်စက်ရုံကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ပစ်ခတ်တိုက်ခိုက်၊ စက်ရုံ ပျက်စီးမှုရှိပြီး စစ်တပ်က ပိတ်ဆို့စစ်ဆေးနေ

Must read

Breaking News- တိုက်ကြီးမြို့နယ်ရှိ အမှတ် ၁၁ ကပစ လက်နက်စက်ရုံကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ပစ်ခတ်တိုက်ခိုက်၊ စက်ရုံ ပျက်စီးမှုရှိပြီး စစ်တပ်က ပိတ်ဆို့စစ်ဆေးနေ

ရန်ကုန်၊ မတ် ၈

ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ် အမှတ် ၁၁ ကပစ (ကာကွယ်ရေးပစ္စည်းထုတ် လုပ်ရေး စက်ရုံ) လက်နက်စက်ရုံကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ယနေ့ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည် သူ့တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ်လ ၈ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ က Mission Impossible 2 မစ်ရှင်အဖြစ် အမှတ် ၁၁ ကပစ စက်ရုံကို တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ စက်ရုံ ထိခိုက်ပျက်စီးမှု ရှိကြောင်း၊ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တာပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ပြည်လမ်းနှင့် တိုက်ကြီးမြို့နယ်အတွင်းကို ပိတ် ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

ရန်ကုန်ကင်းထောက်အဖွဲ့များ၏ သတင်းဖော်ပြချက်အရ တိုက်ကြီးမြို့နယ် ကပစ ဝင်းအတွင်းတွင် ပေါက်ကွဲမှု ၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article