37 C
Yangon

Breaking News- ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် သဖြင့် အသက် ၆ နှစ်အရွယ် စောဖိုးသင်္ကြန် ဦးခေါင်း ကျည်ထိ၍ သေဆုံး

Must read

Breaking News- ဘီးလင်းတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် သဖြင့် အသက် ၆ နှစ်အရွယ် စောဖိုးသင်္ကြန် ဦးခေါင်း ကျည်ထိ၍ သေဆုံး

ရန်ကုန်၊ မတ် ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇီးဝန်းရှိ စစ်ကောင်စီ ၏ အမှတ် ၃၁၄ အမြောက် တပ်က လက်နက်ကြီးများဖြင့် ရွှေရောင်ပြကျေးရွာအုပ်စုကို ပစ်ခတ်ရာ အသက် ၆ နှစ်အရွယ် စောဖိုးသင်္ကြန် ဦးခေါင်းကျည်ထိမှန်၍ သေဆုံးသွားကြောင်း ကျေး ရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။

မတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ဘီးလင်းမြို့အခြေစိုက် ဇီးဝန်း အမြှောက်တပ်ရင်း အမှတ် ၃၁၄ က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ရွှေရောင် ပြကျေးရွာအုပ်စု၊ အဝင်းကြီးကျေးရွာတွင် နေထိုင်သော အသက် ၆ နှစ် အရွယ် စောဖိုးသင်္ကြန်၏ ဦးခေါင်းကို လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ်မှာ ပွဲချင်း ပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ကလေး မိဘတွေက အဝင်းကြီးကျေးရွာ အပြင်မှာ အင်းပက်ပြီး ငါးရှာနေတာ။ ကလေးကိုလည်းခေါ်လာတယ်။ အဲဒါ လက်နက်ကြီးက ငါးရှာနေတဲ့ နေရာ အနား ကို ကျပြီး ကလေးက ပွဲချင်းပြီး ဆုံးတယ်။ မနက်ဖြန် သဂြိုလ်မယ်။ က လေး မိဘတွေရော ဆွေမျိုးတွေရော တစ်ရွာလုံး ငိုနေကြတယ်” ဟု ဒေသပြည် သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဘီးလင်းမြို့ပေါ်မှနေ၍ ရွှေရောင်ပြ ကျေးရွာ အုပ်စု၊ မိကျောင်းအိုင်ကျေးရွာ အပါအဝင် ကျေးရွာများ ကိုလက်နက်ကြီးများဖြင့် အမြဲလိုလို ပစ်ခတ်လေ့ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article