32 C
Yangon

Breaking News- သာကေတတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော နယ်ထိန်း ရဲ စောလေးဖော အပါအဝင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ သာကေတ မြို့နယ်တစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထား

Must read

Breaking News- သာကေတတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော နယ်ထိန်း ရဲ စောလေးဖော အပါအဝင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ သာကေတ မြို့နယ်တစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထား

ရန်ကုန်၊ မတ် ၁၇

ရန်ကုန်တိုင်း၊ သာကေတတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော နယ်ထိန်းရဲ စောလေး ဖော(နာမည်အရင်း မသိရသေး) အပါအဝင် ရဲ ၃ ဦးပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် သာကေတမြို့နယ်၊ အမှတ် ၂ ရဲစခန်း အရှေ့ မိတ္တူဆိုင်တွင် ရှိနေသော ရဲ ၃ ဦးကို သေနတ်သမား များ ကဝင်ရောက်ပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် နယ်ထိန်းရဲ စောလေး ဖောမှာ ပွဲချင်းပြီး သေဆုံးပြီး ဂတ်စာရေးရဲတစ်ဦးမှာလည်း ရင်ဘတ် ကျည်ထိမှန်ထားကာ သေဆုံးရန် များပြား ကြောင်း၊ အခြားရဲတပ်သား ၁ ဦးမှာ ဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်း သိရှိရသည်။

“သာကေတ တစ်မြို့လုံးကို စစ်တပ်က ပိတ်ဆို့တယ်။ ရပ်ကွက်နယ်ထိန်းရဲ စော လေး ဖောသေတယ်လို့ပြောတယ်။ နယ်ထိန်းနာမည်အရင်းတော့မသိဘူး။ မျက်မှန်နဲ့ ဂတ်စာရေးရဲက ရင်ညွှန့်ထိတယ်။ ရဲတပ်သား ၁ ဦးက မစိုးရိမ်ရ ပါ ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သေဆုံးသွားသူ နယ်ထိန်းရဲ စောလေးဖော (နာမည်အရင်း မသိရသေး) သည် လာဘ်ပေးလာဘ်ယူမှုတွင် အလွန် နာမည်ကြီးကြောင်း၊ အမှုများ လိမ်၍ ဖမ်းဆီးပြီး တော်လှန်ရေးရဲဘော်များ၊ ပြည်သူများကို ခြိမ်းခြောက် အနိုင်ကျင့် နေသူဖြစ်ကြောင်း သိရှိရသည်။

“သာကေတ အမှတ် ၂ နယ်မြေရဲ စခန်း မှာ နာမည်ဆိုးတဲ့ နယ်ထိန်း။ လဘ်စား တဲ့နေရာမှာလည်းအရမ်းနာမည်ကြီးတယ်။ အမှုလိမ်ပြီးဖမ်း တဲ့နေရာ မှာလည်း အရမ်းနာမည်ကြီးတယ်။ နာမည်ဆိုးနဲ့ နာမည်ကြီးတာ နယ်ပြောင်း ရွှေ့ အောင် တိုင်ကြားရင်လည်း အဲ့ဒီကောင်က နယ်မပြောင်းရဘူး။ အပေါ်နဲ့ ပိုင် ပုံရတယ်” ဟု ဒေသပြည်သူက ဆက်လက်ပြောဆိုသည်။

လက်ရှိ သာကေတမြို့နယ်တစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထားသဖြင့် ပြည်သူ များ အနေဖြင့် သတိထား၍ သွားလာသင့်ပြီး လူငယ်များအနေဖြင့် သတိထား သင့် ကြောင်း ဒေသပြည်သူများကဆိုကြသည်။

ဓာတ်ပုံ- သာကေတ အမှတ် ၂ ရဲစခန်း ရှေ့မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article