32 C
Yangon

Breaking News- သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ အကြီးဆုံး စစ်စခန်း မယ့်ခါထာကို KNU တပ်မဟာ ၅ က သိမ်းပိုက်၊စစ်တပ် ဘက်မှ အရာရှိများ အပါ အဝင် ၄၀ ကျော်သေဆုံးပြီး လက်နက် ခဲယမ်း အများ အပြား သိမ်းဆည်း ရမိ

Must read

Breaking News- သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ အကြီးဆုံး စစ်စခန်း မယ့်ခါထာကို KNU တပ်မဟာ ၅ က သိမ်းပိုက်၊စစ်တပ် ဘက်မှ အရာရှိများ အပါ အဝင် ၄၀ ကျော်သေဆုံးပြီး လက်နက် ခဲယမ်း အများ အပြား သိမ်းဆည်း ရမိ

ရန်ကုန်၊ မတ် ၂၈

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ၊ သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင် စီတပ်၏ အကြီးဆုံး စခန်းတစ်ခုတွင် အပါအဝင်ဖြစ်သော မယ့်ခါ ထာစခန်းကို KNLA တပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သား ၄၀ ကျော်သေဆုံးသွားကြောင်း KNLA သတင်းရင်းမြစ်များက ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်၏ မယ့်ခါ ထာ စခန်း ကို KNLA တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်း ဖြစ်ပြီး KNU တပ်မဟာ ၅ က စစ်ကောင်စီ၏ မယ့်ခါထာ စခန်း တစ်ခုလုံးကို အောင်မြင် စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်အရာရှိများ အပါအဝင် စစ်သား ၄၀ ကျော် သေ ဆုံး ပြီး KNU ဘက်မှ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“စခန်းကိုတော့ သိမ်းလိုက်ပါပြီ။ တိုက်ပွဲက မိနစ် ၅၀ လောက်ကြာပါတယ်။ သတင်းကလည်း ထိန်းထားလို့လည်းမရနိုင်ဘူး။ ထိုင်းဘက်မှာလည်း ရွာရှိ နေသလို စခန်းမှာဖြစ်ပျက်နေတာတွေကိုလည်း ဟိုဘက်ကမ်းက လှမ်းမြင် နေရတာပဲ။ ဒီမနက် ၆ နာရီ ၄၀ လောက်မှာ စခန်းကို သိမ်းပါတယ်။ ရန်သူ ဘက်က သေဆုံးသူ ၄၀ ကျော်ပါတယ်” ဟု KNLA သတင်းရင်းမြစ်က ရှင်းပြသည်။

KNU တပ်မဟာ ၅ က တိုက်ခိုက် သိမ်းပိုက်လိုက်သော မယ့်ခါထာစခန်းတွင် စစ်ကောင်စီတပ်ဘက်မှ အင်အား စုစည်းမှု အင်အား ရာဂဏန်းအထိရှိသော စစ် စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNU တပ်မဟာ ၅ ခေါင်းဆောင်လည်းဖြစ် KNLA ဒုတိယစစ်ဦးစီး ချုပ်လည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article