36 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားဝင်ငွေ အလွန်နည်းပါးလာတဲ့အတွက် စက်သုံးဆီ တင်သွင်းမှုတွေ ကို လျှော့ချမယ်လို့ တရားဝင် ပြောဆိုပြီးတဲ့နောက် SME အသေးစား နဲ့ အလတ်စား လုပ်ငန်းတွေ အတွက်ဆီခွဲတမ်းပေးမှုကို အကြီး အကျယ်လျှော့ချလိုက်တဲ့အတွက် SME လုပ်ငန်းအများစုလည်း ပိတ်သိမ်းနေပြီလို့ သိရပါတယ်။

– ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က PDF နဲ့ KNDF အပါအဝင် ကရင်နီတပ်တွေကို ရှုတ်ချတယ်ဆိုတဲ့ ကန့်ကွက် ဆန္ဒပြပွဲကို ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ ကျင်းပနေပြီး ပအိုဝ်တိုင်းရင်းသားတွေကို မဖြစ်မနေ တက်ရောက်ဖို့ ဖိအားပေးခေါ်ယူခဲ့တယ်လို့လည်း ပအိုဝ်းကျေးရွာနေ ပြည်သူတွေကပြောပါတယ်။

-မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ သဲအင်း- ကျေးရွာက ပြည်သူ ၂ ဦးကို မတ်လ ၁၂ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ကနေ မီးရှို့သတ်ဖြတ်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article