31 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီက သူ့တပ်သားတွေကို ကရင်နီပြည်နယ် နဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်ကို ရှေ့တန်းထွက်ခိုင်းတဲ့အချိန် စစ်ကောင်စီရဲ့ နမ့်စန် ခလရ ၂၄၇ တပ်က ဗိုလ်မှူး တစ်ဦး နဲ့ စစ်သည် ၂ ဦး ထွက်ပြေးသွားတယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

– မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ကား ၃၂ စီး ယာဉ်တန်းရဲ့ ရှေ့ပြေး မိုင်းရှင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၄ ဦးပွဲချင်းသွားတယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းရဲ့ ဦးဆောင်သူ သခင်ဇော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– မကွေးတိုင်း၊ ရေစကြိုမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၅၆ တပ်အနီး နဲ့ ပခုက္ကူမြို့နယ် တွေမှာ ပျူစောထီးတွေဥို PDF တပ်ဖွဲ့တွေကနေ ပစ်ခတ် တိုက်ခိုက်ရာမှာ ပျူစောထီး ၄ ဦးသေပြီး သေနတ် ၅ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article