29 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

မကွေးတိုင်း၊ မကွေးမြို့မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန၊ ရေအားလျှပ် စစ် အကောင်အထည် ဖော်ရေးဦးစီးဌာနမှာရှိတဲ့ Non-CDM ညွှန်ကြားရေးမှူး နဲ့ ဇနီးကို စစ်ကောင်စီတပ် က အချင်းချင်း အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ညွှန်ကြားရေးမှူးရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရရသွား တယ်လို့ မကွေးတိုင်းစစ်ကောင်စီ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

– ရန်ကုန်တိုင်း ၊ တောင်ဥက္ကလာမြို့နယ်၊ သံသုမာလမ်းပေါ်မှာရှိတဲ့ ပြည်သူပိုင် ဆိုင်ခန်းတွေကို စည်ပင် မြေနဲ့ မလွတ်လို့ဆိုပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားတွေအပါအဝင် ရဲ နဲ့ စည်ပင်တွေက စည်ပင် မြေလို့ပြောပြီးတော့ ဘူဒိုဇာ နဲ့ ထိုးပြီး ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး လှိုင်းမင်းဦး ဆိုသူကို ပုဂံပြည် ဘီလူးတပ်ဖွဲ့ကနေ မတ်လ ၂၀ ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article