37 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ကရင်နီပြည်နယ်မှာ မနေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံးနီးပါး ပြုတ်ကာ သေဆုံးမှု များပြားကာ လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီ စစ်ဘက် သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

– ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအဝိုင်းအတွက် ဒေါ်လာသန်းရာချီ ပြည်ပကို ရွှေ့ပြောင်းပေး ရာမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံရသူ၊ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေအကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ် ခံရပြီး သေဆုံးသွားတယ်လို့ Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဘုက္ကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က သိမ်းပိုက် မီးရှို့ရှင်းလင်းရာ လက်နက် ၁၅ လက်၊ ကျည်မျိုးစုံနဲ့ ရဲအသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားလွတ်မြောက်ရေး တပ်တော် NLA က တရားဝင် သတင်းထုတ်ပြန်ပါတယ်။

– မန္တလေးမြို့လယ်မှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ်မျိုးအောင်ရဲ့ ယာဉ်တန်း မနေ့က မနက်ပိုင်းမှာ မိုင်းဆွဲခံရပြီး လုံခြုံရေးစစ်ကားတစ်စီး ထိမှန်ကာ စစ်သားတွေ ထိခိုက်သေဆုံးမှုရှိတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article