27 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၃၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ “မင်းအောင်လှိုင်ကို ကာကွယ်ရင်း အသေခံမလား”၊ “နိုင်ငံတကာ ခုံရုံးတက်မလား” ၊ “ပြည်သူ့ရင်ခွင်မှာ လိပ်ပြာလုံလုံနဲ့ ခိုလှုံမလား” ဆိုတာကို ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီလို့ အမျိုးသား ညီ ညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကနေ သတိပေး ပြောဆိုလိုက်ပါတယ်။

– ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာရှိတဲ့ ခွာဖိုရွာကို အကြမ်းဖက် စစ်ကောင်ီစတပ်က အကြောင်းမဲ့ တိုက်လေယာဥ်နဲ့ ဗုံးကျဲမှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ထက် မနည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုထားပါတယ်။

– မွန်ပြည်နယ်၊ ဘီးလင်း၊ အလူးလေးရွာ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦးသေသွားပြီး တဲ့နောက် အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ပစ်သတ်သွားတဲ့အပြင် ၊အလုံတောင် သမိုင်းဝင် ဘုရားစေတီကုန်း တစ်လုံးကိုပါ မီးရှို့ဖျက်ဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article