27 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၃၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က အမှတ် ၁ ရပ်ကွက်၊ ကပ်ကျော်ကျောင်းထဲမှာ ဆံပြင်ညှပ်ခံနေတဲ့ အကြမ်းဖက် စစ်ကောင်စီဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် ပစ်ခတ်ရာမှာ ဆံပြင်ညှပ်ခံနေတဲ့ စစ်ဗိုလ် ၁ ဦးသေသွားတယ်လို့ Myingyan Black Tiger တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်တပ်ထောက်ခံပွဲမှာ လုံခြုံရေးယူပြီး ပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင် စီတပ်သား ၁ ဦး သေသွားတယ်လို့ National Revolutionary Guards အဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်သူရိန်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မီးရှို့ ဖျက်ဆီး မှုကြောင့် နေအိမ် ၃၀၀ ကျော် ပြာကျခဲ့တဲ့ သမ္မာရိုးရွာက ပြည်သူတွေဟာ စားနပ်ရိက္ခာတွေ လိုအပ်နေတဲ့ သတင်းအပါ အဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article