30 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရှမ်းပြည်နယ်၊ ဟိုပုန်းတပ်နယ်မှ ဗိုလ်မှူး ဇော်ဝင်းထိန်ဟာ ရန်ကုန်ရှိ မိသားစုဆီကို ခွင့်ပြန်ရာ ကိုယ်ပိုင်ကား ရှိပေမယ့် လည်း PDF ရန်ကြောက်လို့ ဒို့ညီ နောင် ခရီးသည်တင်ကားနဲ့ ပြန်စဉ် မတ်လ ၄ ရက်နေ့ ကားမှောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

– မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနောက်ကို လိုက်လံ တိုက်ခိုက်ရင်း ပကဖ နဂါးညီနောင်အဖွဲ့ ခေါင်းဆောင် ဦးဇော်ဇော်နဲ့ ရဲဘော်ပြည့်ဖြိုးမင်း(ခ)မိုးမျှော် တို့နှစ်ဦးကျဆုံးခဲ့ရသလို အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ပကဖနဂါးညီနောင်တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။

-မြန်မာနိုင်ငံမှာရန်ကုန် ဆီဒိုနားဟိုတယ်နဲ့ Junction City တာဝါ အပါအဝင် ဟိုတယ်နှင့်တည်ဆောက်ရေးလုပ်ငန်းတွေ တည်ဆောက် ရင်းနှီးမြှုပ်နှံထားတဲ့စင်ကာပူ Keppel Land ကုမ္ပဏီက သူရဲ့လုပ်ငန်းရှယ်ယာတွေကို အမေရိကန် ဒေါ်လာ ၅၇ ဒသမ ၄ သန်းနဲ့ ရောင်းချလိုက်တယ် စင်ကာပူ The Straits Times သတင်းစာက သတင်းဖော်ပြထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article