28 C
Yangon

NLD ပါတီ ဖျက်သိမ်းဆိုသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေညာချက် တရား ဝင်မှု မရှိ ၊ ပြည်သူနှင့်အတူ NLD ပါတီ ဆက်လက်တည်ရှိနေ

Must read

NLD ပါတီ ဖျက်သိမ်းဆိုသော အကြမ်းဖက်စစ်ကောင်စီ၏ ကြေညာချက် တရား ဝင်မှု မရှိ ၊ ပြည်သူနှင့်အတူ NLD ပါတီ ဆက်လက်တည်ရှိနေ

ရန်ကုန်၊ မတ် ၂၉

အကြမ်းဖက် စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက် သိမ်းကြောင်း ကြေညာမှုသည် တရားဝင်မှုမရှိဘဲ ပြည်သူများနှင့်အတူ NLD ပါတီက ဆက်လက်တည်ရှိနေကြောင်း NLD ဗဟိုအလုပ်ကော်မတီက ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

​အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းကတည်းက ပြည်သူလူထု၏ မျှော်လ င့် ချက် များကို ရိုက်ချိုးရန်နှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီကို ဖျက်ဆီး ရေးရည်ရွယ်၍ ပါတီထိပ်ပိုင်း ခေါင်းဆောင်များကို ဖမ်းဆီး၊ မတရားအမှုများဆင်ကာ ထောင်ချခြင်းကို ဦးစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ​ထို့ပြင် ပါတီဝင်များကိုလည်း ဆက်တိုက်ဖမ်းဆီး လျက် ရှိရာ ယနေ့ထိ ၁၂၃၅ ဦးရှိပြီး၊ ပါတီဝင်၂၆ ဦး မှာ စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ကြကြောင်း သိရှိရသည်။

အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိပြီး ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်မှာ ကြိုးပေးသတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ၊လွှတ်တော် ကိုယ် စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်း ခံထားရသည့်အပြင် ၄၇ ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်း ကပ်ခံထားရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း NLD ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

တည်ဆဲဥပဒေများကိုချိုးဖောက်ထားသော စစ်ကောင်စီသည် တရားဝင်မှု မရှိ သည့်အပြင် ပြည်သူလူထု အား ကိုယ်စားပြုမှုလည်းမရှိသည့်အတွက် ၎င်း၏ လုပ်ကိုင်ဆောင်ရွက်သမျှသည် တရားဝင်မှုမရှိကြောင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ၏ ကြေညာချက်အမှတ် ၇/၂၀၂၂ ၊ ၁၀/၂၀၂၂ ၊ ၁၂/၂၀၂၂ တို့ဖြင့် အတိအလင်းကြေညာထားပြီးဖြစ်သဖြင့် တရားဝင် ဖွဲ့စည်း ထားပြီးသော နိုင်ငံရေးပါတီများကို ၎င်းတို့ လက်ဝေခံ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိကြောင်း NLD ၏ ထုတ်ပြန် ချက် တွင် ဖော်ပြထားသည်။

​၁၉၈၈ ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားလာသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် ပြည်သူလူထု၏မျှော်မှန်းချက်များနှင့် အကျိုး စီးပွား ကိုသာ ဦးထိပ်ပန်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်သူလူထု ၏အဆုံး အဖြတ်ကိုသာ ခံယူနေသောပါတီဖြစ်သည်နှင့်အညီ ပြည်သူရှိသ၍ ပါတီရှိနေ မည်ဖြစ်ပြီး ပြည်သူလူထု၏ မျှော်မှန်းချက်များပြည့်မီသည်အထိ ရနိုင်သည့် နည်းလမ်းပေါင်းစုံတို့ဖြင့် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း၊ ပြည်သူနှင့် တစ်သား တည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်သော နိုင်ငံရေးပါတီများကိုလည်း အသိ အမှတ်ပြုလေးစားပါကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ် ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ရွေးကောက်ပွဲကာလ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံး ရေးခရီးစဉ်။

Photo- AFP ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article