33 C
Yangon

NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို မြန်မာစစ်အာဏာရှင် ဖျက်သိမ်းမှု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြင်းပြင်းထန်ထန် ရှုတ်ချ

Must read

NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို မြန်မာစစ်အာဏာရှင် ဖျက်သိမ်းမှု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြင်းပြင်းထန်ထန် ရှုတ်ချ

■ ဗြိတိန်ကလည်း စစ်ကောင်စီကို ရှုတ်ချပြီး တွေ့ဆုံဆွေးနွေးခြင်း မလုပ်ဘဲ မြန်မာ့အကျပ်အတည်း မဖြေရှင်းနိုင်ဟု သတိပေး

ရန်ကုန်၊ မတ် ၃၁

အကြမ်းဖက် စစ်အာဏာရှင်က NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက် သိမ်းလိုက်မှု အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြား ရေး ဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ထုတ်ပြန်ပြောဆို လိုက် သည်။

မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် ရွေး ကောက် ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေး ပါတီ​၄၀ ကို ဖျက်သိမ်းရန်ဆုံးဖြတ်ခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ပြည်သူများသည် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် NLD နှင့် အခြားပါတီ များ ကိုသာ တခဲနက် ပြန်လည်ရွေးချယ်ပြီး ထောက်ခံမဲပေးခဲ့ကြကြောင်း၊ နိုင်ငံ ရေးပါတီများကို ဖျက်သိမ်းသည့် စစ်အာဏာရှင်အဖွဲ့အစည်း၏ ဆုံးဖြတ် ချက် သည် မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများ၏ ဆန္ဒသဘောထားနှင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ဆက်လက်ပြီးမထေမဲ့မြင်ပြုကြောင်း အမေရိကန် နိုင်ငံ ခြား ရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ဆိုသည်။

နိုင်ငံရေးအတိုက်အခံပြုခြင်းကို ပိတ်ပင်ထိန်းချုပ်ရန်နှင့် အများပြည်သူ လွတ် လပ်စွာပြောဆိုလုပ်ကိုင်ခွင့်ရှိသည့် ပြည်သူ့အဝန်းအဝိုင်းကို မြေလှန် အမြစ် ဖြတ် ရန် အာဏာရှင်အဖွဲ့အစည်းက ဆက်လက်ကြိုးပမ်းနေမှုများသည် အာ ဏာနှင့် အကျိုးစီးပွားများ ပိုမိုတည်တံ့ခိုင်မြဲစေရန် ကြံဆောင် ခြင်းဖြစ် ကြောင်း၊ အာဏာရှင်အဖွဲ့အစည်း၏ ပြစ်ချက်များစွာပြည့်နှက်နေသည့် ရွေးကောက် ပွဲ သည် ကျင်းပဖြစ်ခဲ့မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ ဆန္ဒ ကို ကိုယ်စားပြုလိမ့်မည် မဟုတ်ကြောင်း ယခုလုပ်ရပ်က ထပ်လောင်း ဖော်ပြ လျက်ရှိကြောင်း ၎င်းက ပြောဆိုထားသည်။

ယခုလျှောက်လှမ်းလျက်ရှိသည့် လမ်းကြောင်းကို နောက်ကြောင်းပြန်လှည့်ရန်၊ မြန်မာပြည်သူများအပေါ် အကြမ်းဖက်ခြင်းကို ရပ်တန့်ရန်၊ မတရား ဖမ်းဆီး ထိန်းသိမ်းထားသူများကို လွှတ်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်အချက်များကို လေးစားလိုက်နာရန် စစ်အာဏာ ရှင် အဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုကြောင်း၊ စစ်မှန်သော ပါတီစုံ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လေးစား တန်ဖိုး ထားရေး တို့အတွက် အားပေးထောက်ခံသွားရန် သံန္နိဋ္ဌာန်မှာ ဆက်လက် ခိုင်မာ လျက်ရှိ ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန် ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ဆို သည်။

ဗြိတိသျှ အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအပါအဝင် နိုင်ငံရေးပါတီအဖွဲ့ ၄၀ ကို ဖျက်သိမ်းရန် မြန်မာ စစ် အာ ဏာ ရှင်အနေဖြင့် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့် အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်း ဖြစ်၍ ရှုတ်ချ ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။

ပြည်သူလူထု၏ ဒီမိုကရေစီဝါဒအခြေခံသောဆန္ဒများကို လေးစားသည့် လေး နက် ပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်ဘဲ စစ် အာ ဏာ ရှင်အနေဖြင့် ၄င်းတို့ဖန်တီးထားသော ကျပ်တည်းသည့်အခြေအနေကို ဖြေရှင်း၍ မရနိုင်ကြောင်း၊ စစ်အာဏာရှင်၏ နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ် ဆောင်ချက်များနှင့် အကြောက်တရားသွင်း၍ ဆန့်ကျင်မှုများအား ဖိနှိပ် ရန် အတွက် ပိုမိုရက်စက်သော နည်းဗျူဟာများအသုံးပြုခြင်းကို ပြစ်တင်ရှုတ် ချ ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article