27 C
Yangon

PDF ရန်ကြောက်၍ ရန်ကုန်ရှိ မိသားစုထံ ခွင့်ပြန်ရာတွင် ခရီးသည်တင်ကားဖြင့် သွားသော ဗိုလ်မှူး ဇော်ဝင်းထိန် ကားမှောက်သေဆုံးခဲ့

Must read

PDF ရန်ကြောက်၍ ရန်ကုန်ရှိ မိသားစုထံ ခွင့်ပြန်ရာတွင် ခရီးသည်တင်ကားဖြင့် သွားသော ဗိုလ်မှူး ဇော်ဝင်းထိန် ကားမှောက်သေဆုံးခဲ့

ရန်ကုန်၊ မတ် ၆

ရှမ်းပြည်နယ်၊ ဟိုပုန်းတပ်နယ်မှ ဗိုလ်မှူး ဇော်ဝင်းထိန်သည် ရန်ကုန်ရှိ မိသားစုထံသို့ ခွင့်ပြန်ရာတွင် ကိုယ်ပိုင်ကားရှိသော်လည်း PDF ရန်ကြောက်၍ ဒို့ညီ နောင် ခရီးသည်တင်ကားဖြင့် ပြန်စဉ် မတ်လ ၄ ရက်နေ့ ကားမှောက်မှုတွင် ပါ ဝင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

မတ်လ ၄ ရက်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇ မိုင် ၄ဖာလုံ နှင့် ၁၆၇ မိုင် ၅ဖာလုံ အကြား ဒို့ညီ နောင်ခရီးသည်တင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသည့် တန်းများကို တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း၊ ကားမှောက်မှုကြောင့် ဗိုလ်မှူးဇော်ဝင်းထိန်ပါ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“တကယ်က နေပြည်တော်က ဘယ်သူ့ကိုမှ ခွင့်မပေးဘူး။ အားလုံးကို တပ်ထဲမှာပဲ နေခိုင်းထားတဲ့ အရေးပေါ်ကာလ။ အဲဒါကို အဲဒီ ဗိုလ်မှူးက ကလေးဆေး ကုဆိုပြီးခွင့်တင်တယ်။ နေပြည်တော်က ခွင့်မပေးသေးဘူး။ တပ်ရင်းမှူးက နားလည်မှုနဲ့ လွှတ်ပေးလိုက်တာ။ သူ့မှာ ကားရှိတယ်။ PDF ရန်ကြောက်လို့ ခရီး သည်တင်ကားနဲ့ ပြန်တာမှာ ကားမှောက်ပြီး ဆုံးတာ။ သူ့မိသားစုတွေမှာ သူ့အဖေကအစ ရူးသလိုဖြစ်နေတယ်။ တောင်ဥက္ကလာမှာ” ဟု ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ဗိုလ်မှူးဇော်ဝင်းထိန်က ရှေ့တန်းမသွားလိုသည့်အတွက် ဟိုပုန်းတပ်နယ်ရှိ စစ် တပ်သင်တန်းကျောင်းတစ်ခုကို ရာထူးတိုး ဆရာအဖြစ် ပြောင်းရွှေ့ခဲ့သူဖြစ် ကြောင်း သိရှိရသည်။

ဒို့ညီနောင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ခရီးသည် ၃၁ ဦး အနက်မှ အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများတွင် လက်ဝှေ့ကျော် ရွှေဓူဝံပါ ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article