28 C
Yangon

ကန့်ဘလူတွင် စစ်ဘေးရှောင် ပြည်သူ ၆၁ ဦး မြွေပွေးအကိုက်ခံရပြီး ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦး သေဆုံး

Must read

ကန့်ဘလူတွင် စစ်ဘေးရှောင် ပြည်သူ ၆၁ ဦး မြွေပွေးအကိုက်ခံရပြီး ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်အာဏာသိမ်းသည့် ၂နှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ပြည်သူ ၆၁ဦး မြွေဆိုး အကိုက်ခံရပြီး ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရှိရသည်။

ကန့်ဘလူမြို့နယ်အတွင်း မြေပွေးအကိုက်ခံခဲ့ရသော စစ်ဘေးရှောင်ပြည်သူ ၆၁ ဦးအနက် မောင်မိုးဟိန်း အသက် ၈နှစ် ၊ မလှလှမျိုး အသက် ၉နှစ် ၊ ဦးဌေးမြင့် အသက် ၅၄နှစ် နှင့် ကိုရဲလင်း အသက် ၂၇နှစ် တို့မှာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ရပြီး ဦးဝင်းညွန့် အသက် ၆၁နှစ် နှင့် ဦးကျော်ညွန့် အသက် ၅၃နှစ် တို့မှာ ဆေးမကုသခဲ့ရဘဲ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်‌ရောက်၍ အကြမ်း ဖက်ဖျက်ဆီးမှုများကြောင့် တောတောင်များတွင် စစ်ဘေးရှောင်ကြရသော ပြည်သူတို့မှာ စားဝတ်နေရေး၊ လုံခြုံ ရေး စသည့်ပြဿနာများအပြင် မြွေဆိုးအန္တရာယ်နှင့်ပါ ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ပြည်သူတွေ ဒုက္ခရောက်နေတဲ့ကြားထဲ မြွေအန္တရာယ်က ပြဿနာတစ်ခုဖြစ်နေတယ်ဗျ။ စစ်ကြောင်းကြောင့် ဆေးမကုနိုင်ဘဲ အသက်ဆုံးရှုံးရတာတွေရှိတယ်။ မြွေဆိပ်ဖြေဆေးထိုးပေမယ့် အချိန်မမီလို့ အသက်ဆုံးတာလည်းရှိပါတယ်။ မြေပြင်မှာ ကူညီနေတဲ့ အဖွဲ့တွေဆီမှာဝောာ့ ရိက္ခာနဲ့ ဆေးဝါးက လိုအပ်ချက်တစ်ခုအဖြစ်ရှိနေဆဲပါ။ ဒါကြောင့် တတ်နိုင်သမျှ လှူဒါန်းကြဖို့လဲ မျှော်လင့်ပါတယ်” ဟု စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသူက ပြောသည်။

‌ကန့်ဘလူမြို့နယ်အတွင်း မြွေဆိုးအကိုက်ခံခဲ့ရ‌သော စစ်ဘေးရှောင်ပြည်သူများမှာ အသက်၈နှစ်အရွယ်မှ ၆၁နှစ်အရွယ်အထိ အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၁၆ ဦးတို့ ဖြစ်ပြီး ၂၀၂၃ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ပဇီကြီးရွာ လေ ကြောင်း တိုက်ခိုက်ခံရမှုဖြစ်ပွားပြီး နောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုးနေသော ကြောင့် ‌‌အချိန်မီဆေးကုသမှုမခံယူနိုင်သဖြင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးအထိ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article