27 C
Yangon

ကညွတ်ကွင်းမြို့လျှပ်စစ်မှူး သေဆုံးမှု ဖြူးမြို့နယ်ပကဖ ဗိုလ်ကျားကြီးအဖွဲ့၏ တိုက်ခိုက်မှုဟုဆို၊ ပုသိမ်ကြီးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၏သား ဖြစ် သူ ပစ်ခတ်ခံရပြီးသေဆုံး

Must read

ကညွတ်ကွင်းမြို့လျှပ်စစ်မှူး သေဆုံးမှု ဖြူးမြို့နယ်ပကဖ ဗိုလ်ကျားကြီးအဖွဲ့၏ တိုက်ခိုက်မှုဟုဆို၊ ပုသိမ်ကြီးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၏သား ဖြစ် သူ ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့တွင် မီတာခ မဆောင်သော ပြည်သူ များကို ရဲခေါ် ရိုက်နှက်ပြီး တရားစွဲဆိုခဲ့သူ ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်းသည် ဧပြီလ ၂၇ ရက်နေ့ တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားမှုမှာ ဖြူးမြို့နယ်၊ ပကဖ ဗိုလ်ကြီးကျားကြီးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်းသည် ပဲခူးတိုင်း၊ ကျောက်တံခါး မြို့နယ်မှ အပြန်၊ ကညွတ်ကွင်းမြို့၊ တောင်ဂုံးတဲ ကျေးရွာအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေး (ကားလမ်းဟောင်း)ဘေးရှိ ကွင်းနောက် ၁ ရပ်ကွက်၊ တောင်ဂုံးတဲကျေးရွာ၊ မိုင်တိုင်အမှတ်-၁၁၄/၁ ဖာလုံအနီးတွင် ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံ လင်းသည် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ မေးစေ့အောက် ကျည်ဖောက် ဝင် ဒဏ်ရာ၂ ချက်ဖြင့် လမ်းဘေးတွင် လဲကျသေဆုံး နေခြင်းဖြစ်ကြောင်း၊ ကျော်စံ လင်း ကို ဖြူးမြို့နယ် ပကဖ ဗိုလ်ကျားကြီး အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ တောင်ဂုံးတဲ အနီးမှာ မြို့လျှပ်စစ်မှူး ကျော်စံလင်းပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ သူက မီတာခ မဆောင်သူတွေကို ရဲခေါ် ရိုက်နှက်‌ပြီး တရားစွဲဆိုခဲ့တဲ့သူပါ။ အခုတော့ သေရှာပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၃ မိနစ်အချိန် ဖြူးမြို့ နယ်၊ ကညွှတ်ကွင်းမြို့၊ စျေးတန်းဟောင်းရပ်ကွက်မှ ဦးကျင်ရွှေ၏ နေအိမ်ကို မီတာခမဆောင်၍ မီတာ လာဖြုတ်ရာ မီတာစာရေးနှင့် ဦးကျင်ရွှေ စကားများ ကြကြောင်း၊ မီတာစာရေးက ရဲခေါ်ပြီး ရဲက သေနတ်ဖြင့် ပစ်ခတ်ရာ ဦးကျင်ရွှေ၏ တူဖြစ်သူ ကလေးငယ် မောင်စိုးသူရထွန်း၏ ပေါင်ကို ကျည် နှစ်ချက်ထိမှန်ခဲ့ကြောင်း ၊ အဆိုပါဖြစ်စဉ်ကို ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်းက အိမ်ရှင်က တုတ်ဖြင့် ရိုက်သည်ဟူ၍ လည်းကောင်း၊ ဓားဖြင့်ခုတ်သည်ဟူ၍ လည်း ကောင်း အထက်သို့ မဟုတ်မမှန်ရေးသား အစီရင်ခံသည့်အပြင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသူ ဦးကျင်ရွှေနှင့် ကလေးငယ် မောင်စိုးသူရထွန်းတို့ကို အမှုဖွင့် တရားစွဲဆိုခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မန္တလေး၊ ပုသိမ်ကြီး မြို့ နယ်၊လက်ကောင်ကျေးရွာတွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူး မောင် မောင်ကြီး ၏ သားဖြစ်သူ စန်းယုမောင် အသက် ၃၉ နှစ်သည် နေအိမ်တွင် ရှိနေ စဥ် သေနတ်သမား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာများဖြင့် နန်းတွင်းဆေးရုံသို့ တင်ပို့ ကုသခဲ့ရာမှ စန်းယု မောင်သည် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ-ယမန်နေ့ ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်း ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article