33 C
Yangon

ကနီတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ညောင်ခါးရှည်နယ်မြေရဲစခန်း ကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

Must read

ကနီတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ညောင်ခါးရှည်နယ်မြေရဲစခန်း ကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးကြောင်း ကျောက်လုံးကြီးKLG PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီအချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အလယ် ကျွန်းပျူရွာမှ သရက်တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀ ဦးခန့်ပါသော စစ်သားနှင့်ပျူစောထီး စစ်ကြောင်းကို သရက်တော ကျေးရွာ သို့ မရောက်ခင် KLG PDF ကျောက်လုံးကြီးအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှာ နောက်ပြန်ဆုတ်သွားပြီး စစ်သား ၁ ဦးသေဆုံးကြောင်း၊ ၃ ဦး ဒဏ်ရာရရှိကြောင်း ၎င်းက ဆိုသည်။

အလားတူ ယနေ့ ဧပြီလ ၂၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင် ရောက် တိုက်ခိုက်သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသ ပြည် သူ များထံမှ သိရှိရသည်။

“ညောင်ခါးရှည်စခန်းကို ဒီည လာပစ်သံကြတာ။။ မိနစ် ၂၀ လောက်ကြာတယ်။ သေနတ်သံတွေကြားနေရတယ်။ ဒီည ၇ နာရီ ၁၀ မိနစ်လောက်က ပစ်ကြတာ။ ရဲစခန်းက ဘေးနားကအိမ်တွေကို ရမ်းပြီးလိုက်လျှောက်ပစ်နေလို့ ရပ်ကွက်နဲ့ နေအိမ်တွေ အကုန်လုံး ပုန်းနေကြရတယ်။ ရဲခွေးနဲ့ စစ်ခွေးတွေ ကြောက်လန့် ပြီး ရမ်းသမ်း ပစ်ခတ်တာ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ညောင်ခါးရှည်နယ်မြေရဲစခန်း ပစ်ခတ်ခံရမှုတွင် စစ်တပ်နှင့်ရဲဘက်မှ သေဆုံး ထိခိုက် ဒဏ်ရာရရှိသူများရှိနိုင်ပြီး လတ်တလော ညပိုင်းအချိန်ဖြစ်၍ အခြေ အနေ အသေးစိတ် မသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article