34 C
Yangon

ကန့်ဘလူမြို့နယ်၊ ငါးရာနဲကျေးရွာမှ အစ္စလမ်ဘာသာဝင်များ နေထိုင်သည့် နေအိမ်များနှင့် ဗလီကို စစ်တပ်က မီးရှို့

Must read

ကန့်ဘလူမြို့နယ်၊ ငါးရာနဲကျေးရွာမှ အစ္စလမ်ဘာသာဝင်များ နေထိုင်သည့် နေအိမ်များနှင့် ဗလီကို စစ်တပ်က မီးရှို့

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးရာနဲကျေးရွာမှ အစ္စလမ်ဘာသာ ဝင်များ နေထိုင်သည့် နေအိမ်များနှင့် ဗလီကို စစ်တပ်က ယနေ့ မီးဝင်ရှို့ ဖျက်ဆီး ကြောင်း ဒေသပြည်သူများက ပြောသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘ လူ မြို့နယ်၊ ငါးရာနဲကျေးရွာကို စစ် ကြောင်း နှစ်ကြောင်းခွဲ၍ ဝင်ရောက် မီးရှို့ သွားခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင်ရှို့ သွားခြင်းဖြစ်ပြီး အဓိကအားဖြင့် အစ္ဒလမ်ဘာသာဝင်များ၏ နေအိမ်များနှင့် ဗလီကို ဦးတည် မီးရှို့သွားခြင်းဖြစ်ကြောင်း၊ ပြည်သူအများစု ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိရသည်။

” ငါးရာနဲကျေးရွာ ကို ဒီနေ့စစ်ကြောင်းဝင်ပြီး မီးရှို့သွားပါတယ်။ အဓိကရှို့ သွားတာ အစ္စလာမ် တွေနေတဲ့ဘက်ခြမ်းကို ရှို့သွားတာ။ မီးလောင်တဲ့ အိမ်ခြေ ကခုထိ မသိသေးပါဘူး။ စစ်တပ်က တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ ဒီအတိုင်း ရှို့သွားတာ။ မနေ့က ရွာဘေးက သရက်ခေါင်းနဲ့ ဖလံကြိုင် ကျေးရွာကို စစ်ကြောင်းတွေ ဝင်ပါတယ်။ ဒီနေ့မှာ အဲဒီရွာတွေကနေ တစ်ဆင့် ငါးရာနဲ ရွာကိုဝင်ပြီး မီးရှို့တာပါ။ အိမ်ခြေဘယ်လောက် မီးလောင် ဆုံးရှုံးလဲ မသိရ သေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ဝင်ရောက် မီးရှို့နေသည့် ကန့်ဘလူမြို့နယ်၊ ငါးရာနဲရွာတွင် တောင် ရွာ၊ အ​ရှေ့ရွာ၊အနောက်ရွာ တို့ ပါဝင်ပြီး အိမ်ခြေ စုစုပေါင်း ၄၀၀ ဝန်း ကျင် ရှိ ကြောင်း၊ အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ စုပေါင်း နေထိုင် ကြသည့် ရွာဖြစ်ကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးလာချိန်တွင် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရသည့် ကျေးရွာတစ်ခု။ (ပုံအဟောင်း ဖြစ်သည်။)

- Advertisement -spot_img

More articles

2 COMMENTS

  1. ဗမာရွာတွ ဗမာရွာတွေ မီးရှို့ခံရတာအများကြီး ။ ကုလားရွာမီးရှို့ခံရတ

  2. ဗုဒ္ဓဘာသာရွာတွေ အများပြီးမိရှို့ခံထားရတယ် ။ ကလားရွာ တရွ နှစ်ရွာကို သီးသန့်ဇာချဲ့ ဘာသာရေးမီးရှို့နေတာလား ။

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article