40.9 C
Yangon

ကန့်ဘလူ သွေးကြွေးအတွက် နေပြည်တော်အေလာလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှု လေယာဉ်ဆီလှောင်ကန်ကြီး ၂ လုံးကို ထိမှန်ပြီး ပေါက်ကွဲ မီးလောင်ခဲ့

Must read

ကန့်ဘလူ သွေးကြွေးအတွက် နေပြည်တော်အေလာလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှု လေယာဉ်ဆီလှောင်ကန်ကြီး ၂ လုံးကို ထိမှန်ပြီး ပေါက်ကွဲ မီးလောင်ခဲ့

ရန်ကုန်၊ ဧပြီ ၁၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ပြည်သူ ၁၀၀ ကျော်ကို စစ်တပ်က လေ ကြောင်း ဖြင့် တိုက်ခိုက်သတ်ဖြတ်မှုကို ဂလဲ့စားချေသည့်အနေဖြင့် နေပြည် တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ ရှော့တိုက်ဒုံးသည် လေယာဉ်ဆီ ဆီလှောင်ကန်ကြီး ၂ လုံးကိုထိမှန် ပေါက်ကွဲမီးလောင်ခဲ့ကြောင်း MKCDFမှ တာဝန်ရှိသူက ပြောသည်။

ဧပြီလ ၁၁ ရက်နေ့ ကန့်ဘလူမြိုနယ်၊ ပဇီကြီးကျေးရွာတွင် အရပ်သားပြည်သူ ၁၇၀ ကျော်ကို လေယဥ်ဖြင့်ဗုံးကြဲသတ်ဖြတ်ခဲ့သော အာဏာသိမ်းစစ်ကောင်စီ ၏ ရက်စက်ကြမ်းကြုတ်မှုကို တုန့်ပြန်သောအားဖြင့် ကရင်၊ ကရင်နီ နှင့် MKCDF သည် Brave Warriors for Myanmar (BWM) အဖွဲ ၏ပံ့ပိုး မှု ဖြင့် ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၅၀ အချိန်တွင် နေပြည်တော်၊ အေလာ လေ ဆိပ် အတွင်းသို ၁၀၇ မမ ရှော့တိုက်ဒုန်း ၄ လုံး ဖြင့်အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ ကြောင်း သိရှိရသည်။

ရှော့တိုက်ဒုံးများသည် အလွန်ပြင်းထန်သည့် ပေါက်ကွဲသံနှင့်အတူ လေယာဉ် ဆီ လှောင် ကန်ကြီး ၂ ခု လုံးထိမှန် ပေါက်ကွဲ ပြီး ဧ‌ပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း အထိ မီးငြိမ်းသတ် ခဲ့ရကြောင်း၊ လေယာဉ် ဆီလှောင်ကန် ကြီး ၂ ခုလုံး ပြင်း အား ကောင်းစွာ ပေါက်ကွဲ လောင်ကျွမ်း မှုကြောင့် အနီးရှိ လေယာဉ် နှင့် အဆောက် အအုံ များ ပျက်စီးမှု အတိအကျကို ဆက်လက်စုံစမ်း နေဆဲ ဖြစ် ကြောင်း သိရှိရသည်။

ယခု စစ်ရေး မစ်ရှင် ကို BWM အဖွဲ့၏ ပံ့ပိုး မှုဖြင့် တပ်ပေါင်းစု အဖွဲ့က ဖော် ဆောင်ခြင်း ဖြစ်ပြီး အခြား မည်သည့် အလှူရှင် မှ ပါဝင်ခြင်း မရှိကြောင်း ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article