36 C
Yangon

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်း ပစ် ခတ်ခံရပြီး သေဆုံး

Must read

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်း ပစ် ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်းကို ကျားဖြူတပ်ခွဲ – ၃၊ ပျံလွှားတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ကျားဖြူတပ်ခွဲ -၃ ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ အဓိပတိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၃ နာရီအချိန် ယဉ်ထိန်းရဲတပ်သား နေလင်းထွန်း မောင်းနှင်လာသော ကားကို ကရင် ပြည်နယ် ၊ကျုံဒိုးမြို့ ကမ်းနီအလွန် ကော့လျမ်းနှင့် တံတားဦးထိပ်ကြားတွင် စောင့်ဆိုင်းစစ်ဆေးရာအသာတကြည် စစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးကြောင်း၊ ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းရဲတပ်သား နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ၎င်း၏ Nissan AD ယာဉ်အတွင်းမှ ယဉ်ထိန်းရဲ အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ယဉ်ထိန်းရဲ မောင်းလာတဲ့ကားကို တားစစ်တာ ထွက်ပြေးလို့ ပစ်ဖမ်းတာပါ။ ကရင်ပြည်နယ် ကျုံဒိုးမြို့ ကမ်းနီအလွန် ကော့လျမ်းနှင့် တံတားဦးထိပ်ကြား ဖမ်းတာကို ရပ်မပေးဘဲ ထွက်ပြေးတာ။ လူကတော့ သေသွားပြီ” ဟု ကျားဖြူ တပ်ခွဲ -၃ ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ အဓိပတိက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article