28 C
Yangon

ကျိုက်ထို၊ ကင်မွန်းချောင်း ရဲစခန်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ရဲစခန်း မီးလောင် ပျက်စီး

Must read

ကျိုက်ထို၊ ကင်မွန်းချောင်း ရဲစခန်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ရဲစခန်း မီးလောင် ပျက်စီး

ရန်ကုန်၊ ဧပြီ ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်း ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ရဲစခန်းစခန်း မီးလောင် ပျက်စီးခဲ့ကြောင်း ပအိုဝ်း ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က ပြောသည်။

ဧပြီလ ၂၇ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်း‌ချောင်းနယ်မြေရဲစခန်းကို တော်လှန်ရေး အင်အားစုများက စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်ကာ ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲစခန်းကို ညနေ ၄ နာရီ ၂၃ မိနစ်ခန့်တွင် ဗုံးသီး ၂ လုံး၊ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဗုံးသီး ၃ လုံး၊ ညနေ ၅ နာရီ ၉ မိနစ်ခန့်တွင် ဗုံးသီး ၃ လုံးနှင့် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ‌ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ရဲစခန်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ရဲစခန်း မီးလောင်ပြာကျခဲ့သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ယင်း တိုက်ခိုက်မှုကို KNLA ၊ PDF၊ PPDF-KD၊ KRF၊ TPDF ၊ ဘီးလင်း (ပကဖ) နှင့် ကျိုက်ထို (ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး အင်အားစုများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

ပအိုဝ်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD အနေဖြင့် မဟာ မိတ် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်အာဏာရှင် ချေမှုန်း ရေး စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်တင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article