30 C
Yangon

ကြို့ပင်ကောက် မြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကြို့ပင်ကောက် မြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၂

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည် အထက်ပိုင်းရှိ တောင်နှစ်လုံးပေါက်ရွာတွင် နေထိုင်သည့် စစ်တပ် သတင်းပေး ပျူစောထီး တင်ကြိုင်ကို သာယာဝတီခရိုင် PDFတပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ လက်အောက်ခံ Black Dragon (GBK-PDF) တပ်ဖွဲ့မှ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော တင်ကြိုင်သည် ရိုးမအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သွားလာ လှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပေး တိုင်ကြားနေသည့် သတင်းပေးတစ်ဦးဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ပဲခူး ရိုးမအတွင်းမှ သစ်များ ခိုးထုတ်နေသူဖြစ်ကြောင်း၊ ဇီးကုန်းမြို့နယ်ရှိ ပျူစောထီး ခေါင်းဆောင် ဘော်ဘင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖိုးလင်းမှာ တင်ကြိုင်၏ ဆရာဖြစ်ကြောင်း၊ တင်ကြိုင်သည် လက်နက် ကိုင်ဆောင်ခွင့် ရရှိထားကာ စစ်တပ်အားကိုးဖြင့် ရိုးမအတွင်းမှ ပြည်သူများကို ဒုက္ခပေးနေသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article