30 C
Yangon

ခင်ဦးတွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေပြီး PDF ရဲဘော် ၅ ဦးကျဆုံးကာ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရပြီး သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦးတွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေပြီး PDF ရဲဘော် ၅ ဦးကျဆုံးကာ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရပြီး သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေပြီး PDF ရဲဘော် ၅ ဦးကျဆုံးကာ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ခင်ဦးမြို့နယ် ရွာသစ်ကုန်းပျူရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းဒေါင်းကျေးရွာ ရေဦး-ခင်ဦး ကားလမ်းပိုင်းရှိ မူးတိမ်ချောင်း တံတားတွင် အထိုင်ချထားသော အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ခင်ဦး-မုံရွာရထားသံလမ်းဘေးရှိ မြကန်ကျေးရွာ အတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကြောင်း ဝင်ရောက် စီးနင်းစဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိုင်းဆွဲ တိုက်ခိုက်ကာ တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာစဥ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပိတ်ဆို့ ဖမ်းဆီးပြီး ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘောဖိုးကျော်၊ ရဲဘော်ကိုနောင်နှင့် ရဲဘော်ကျော်နိုင် တို့ကို သတ်ဖြတ်ခဲ့​ကာ ပြည်သူ ၅ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် နံနက် ၁၁ နာရီခန့်တွင် အောင်သာ ကျေးရွာကို ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ထို့ပြင် ခင်ဦး ကျွန်းလည်ရွာ ဘုန်းကြီးကျောင်းတွင် ကျေးရွာအတွင်းရှိ နွား၊ ဝက်များကို ခိုးယူ သတ်ဖြတ်စားသောက်ကာ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သဲကုန်းကြီးကျေးရွာ၊မုံတောရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊အင်းပေါက်ရွာ၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာ၊ သိမ်တော်ရွာ တို့မှ ပြည်သာ် ၂၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article