37 C
Yangon

ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ထပ်မံ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ထပ်မံ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အင်အား ၁၀၀ ကျော်ခန့်ဖြင့် ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ်အတွင်းရှိ မူးမြစ်ကူး တံတားမှဖြတ်၍ ခင်ဦးမြို့နယ် အင်းပတ်ကွေ့သို့ ထပ်မံ စစ်​ကြောင်း ထိုး ဝင်ရောက်လာသော​​ကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် အင်းပတ်ကွေ့ဝန်းကျင်ရှိ အင်းပတ်ရွာ၊ ရွာသစ်ရွာ၊ ချမ်းသာကုန်းရွာ၊ အင်တိုင်းလေးတောင်ရွာ၊ အင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စုရွာ မြင်းဒေါင်းရွာနှင့် မကျီးအုပ်ရွာတို့မှ ပြည်သူ ၂၅၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာများနှင့် လယ်ယာများတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှု​ကို ပြည်သူများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

” ဒီနေ့ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ စစ်ခွေး စစ်ကြောင်းက မနေ့က လမ်းအတိုင်း ရေဦးကနေ အင်းပတ်ကွေ့ကို အင်အား ၁၀၀ နဲ့ ထပ်ပြီး စစ်ကြောင်းထိုး ဝင်လာတယ်။ နီးစပ်ရာ ကျေးရွာ ၈ ရွာက ပြည်သူ ၂၅၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က အင်အား ၈၃ ဦး ကား ၄ စီးဖြင့် ၎င်းတို့ တပ်စွဲထားသည့် ရွာသစ်ကုန်း၊ မူးတိမ်ချောင်းတံတား၊ ပျဥ်ထောင်ရှိ စခန်းများကို စားနိပ်ရိက္ခာများ သွားရောက် ပို့ဆောင်ခြင်းကြောင့် ကျေးရွာ ၈ ရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article