37 C
Yangon

ခင်ဦးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၆ လုံးပြာကျပြီး မြို့သစ်ရွာကို ယနေ့ ညပိုင်းထိ မီးတင်ရှို့နေကာ PDF ရဲဘော် ၁ ဦး မိုင်းမတော်တဆ ဖြစ်၍ ကျဆုံး

Must read

ခင်ဦးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၆ လုံးပြာကျပြီး မြို့သစ်ရွာကို ယနေ့ ညပိုင်းထိ မီးတင်ရှို့နေကာ PDF ရဲဘော် ၁ ဦး မိုင်းမတော်တဆ ဖြစ်၍ ကျဆုံး

ရန်ကုန်၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၆ လုံးပြာကျပြီး မြို့သစ်ရွာကို ယနေ့ ညပိုင်းထိ မီးတင်ရှို့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က တပင်ကောင်းတောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့​ပြီး နေအိမ် ၂၅ လုံး ပြာကျခဲ့ကြောင်း၊ ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် ကံကြီးကုန်း ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၁ လုံးနှင့် ကွမ်းခြံ တစ်ခု တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ညနေပိုင်း ၅ နာရီ ခန့်မှ စတင်ကာ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့သစ်ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို ယနေ့ ညပိုင်းထိ ဆက်လက် မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

” အဲဒီ စစ်ခွေး စစ်ကြောင်းက ရွှေဘိုနယ် ညောင်ပင်သာရွာ စိုက်ပျိုးရေး သိပ္ပံကျောင်းဘက်ကနေ လာတဲ့ အင်အား ၁၀၀ ကျော်ပါ ခြေလျင် စစ်ကြောင်းပါ။ တပင်ကောင်းတောင်ရွာနဲ့ ကံကြီးကုန်းရွာကို မီးရှို့တာ နေအိမ် ၂၆ လုံးပြာကျသွားပြီ အခု မြို့သစ်ရွာကို ဆက်ရှို့နေတယ်။ အခုထိရှို့နေတုန်းပဲ” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရန် မဏီကုန်းရွာ တောလမ်းများမှ တစ်ဆင့် ကံကြီးကုန်းကျေးရွာဘက် စစ်ကြောင်းအလာ၌ မိုင်းဆင်နေသည့် PDF ရဲဘော် ၁ ဦး မိုင်းမတော်တဆဖြစ်ကာ ကျဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article