30 C
Yangon

ခင်ဦး၊ မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျ

Must read

ခင်ဦး၊ မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀၀ ကျော် ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်၊ မြို့သစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်​ပြီး ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းထိ မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက ၂ ရက်ဆက်ကို ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်ဆီးသွားတာ ပြည်သူပိုင်နေအိမ် ၄၀၀ ကျော် မီးလောင်ပြာကျခဲ့တယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရေဦးမြို့နယ်အတွင်းသို့ ပြန်လည် ရောက်ရှိသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article