36 C
Yangon

ချင်းပြည်နယ်တွင် စစ်တပ်၏ သံချပ်ကား ၂ စီးနှင့် စစ်ယာဉ်တန်းကို ဖျက်ဆီး ရှင်းလင်းနိုင်ခဲ့ဟု CNA နှင့် မဟာမိတ်တပ်များ ပြောဆို

Must read

ချင်းပြည်နယ်တွင် စစ်တပ်၏ သံချပ်ကား ၂ စီးနှင့် စစ်ယာဉ်တန်းကို ဖျက်ဆီး ရှင်းလင်းနိုင်ခဲ့ဟု CNA နှင့် မဟာမိတ်တပ်များ ပြောဆို

ရန်ကုန်၊ ဧပြီ ၁၃

ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ကား ၂ စီးနဲ့ ယာဉ်တန်းကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့ CNA နဲ့ မဟာမိတ်တပ်များက ပူးပေါင်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ သံချက်ယာဉ် ၂စီးကို CNA နဲ့ မဟာမိတ်ပူးပေါင်းတပ် များ က ဖျက်ဆီးနိုင်ခဲ့ပြီး ယာဉ်တန်းကို တောက်လျှောက် ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ် တယ် လို့ သိရပါတယ်။

“အဲဒီယာဉ်တန်းကို တောက်လျှောက်ဆိုသလို တိုက်ခိုက်နေတာမှာ သံချပ်ကာ ၂ စီးနဲ့ အခြားယာဉ်တွေပါ ဖျက်ဆီးနိုင်လိုက်တယ်” လို့ ချင်းကာကွယ်ရေး တပ်ဖွဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့ ၁၇ မိုင်အကွာ ချွန်ကျုံးရွာမှာ ချင်းတော်လှန် ရေးပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြားဒီကနေ့ ဧပြီ ၁၃ ရက်နေ့မနက် ပိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းကနေ ပစ်ခတ်ခဲ့ တယ် လို့သိရပါတယ်။

” ဒီနေ့ မွန်းတည် ၁၂ နာရီထိုးခါနီးလောက်မှာ လေကြောင်းကနေပစ်တာ။ ရွာကခုထိမီးလောင်နေ တုန်း” လို့ ဟားခါးဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ မနေ့က (ဧပြီ ၁၂) ရက်နေ့ ညနေပိုင်းကလည်း ချွန်ကျုံးရွာကို လေကြောင်း တိုက် ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဗုံးကျဲတာရှစ်ကြိမ်ရှိပြီး ဗုံးပေါက် ကွဲ သံတွေကို ဟားခါးမြို့ ပေါ်ကနေ ကျယ်လောင် စွာကြားရတယ်လို့ မြို့ခံ တွေကဆိုပါတယ်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မတ်လ ၇ ရက်နေ့က ကလေးမြို့ကနေ ဟားခါးကိုတက်သွားနေတဲ့ စစ် တပ်စစ်ကြောင်းဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့အကြိမ်ကြိမ် တိုက် ခိုက်မူကိုခံခဲ့ရပြီး စစ်ကောင်စီအဖွဲ့ဝင် သုံးဆယ်ဝန်းကျင်သေဆုံးခဲ့သလို ကားငါးစီးကိုလည်း လမ်းမှာစွန့်ပစ်ခဲ့ရတယ် လို့ ဒေသတွင်းသတင်း ရင်းမြစ် တွေဆီကသိရပါတယ်။

အထိနာတဲ့အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဧပြီလ ၁၁ ရက်နေ့က ချွန် ကျုံးရွာ ကိုမီးရှိူ့တာ ကြောင့် နေအိမ် ၂၄ လုံးမီးလောင် ကျွမ်း ပျက်စီး ခဲ့ရပါ တယ်။

ဒါ့အပြင် ဒီနေ့ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီအကြား ဟားခါးမြို့နယ်၊ ချွန် ကျူံးကျေးရွာမှာ စစ်ကောင် စီ ရဲ့ လက်နက်သယ်နေတဲ့ ယာဉ်တစ်စီးကို ချင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်တာကြောင့် အဲဒီယာဉ် မီးလောင်သွားပြီး အခြားယာဉ်တွေနဲ့ လူနေ အိမ်တွေကို ပါ မီးကူး စက်မှုဖြစ်ပွားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာလည်း ဒီနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ မနေ့ ဧပြီလ ၁၂ ရက်နေ့မှာလည်း စစ်ကောင်စီယာဉ်တန်းမှ ကား ၃ စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ပါသေးတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article