37 C
Yangon

စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသား ကိုထွန်းထွန်ဝင်းကို ခေါင်းဖြတ်သတ်ကာ ငယ်ပါကို ဖြတ်တော် ပါးစပ် ထဲထည့်ခဲ့၊ အိမ်ခြေ ၅၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသား ကိုထွန်းထွန်ဝင်းကို ခေါင်းဖြတ်သတ်ကာ ငယ်ပါကို ဖြတ်တော် ပါးစပ် ထဲထည့်ခဲ့၊ အိမ်ခြေ ၅၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသား ကိုထွန်းထွန်ဝင်းကို ခေါင်းဖြတ် သတ်ကာ ငယ်ပါကို ဖြတ်တော် ပါးစပ်ထဲထည့်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲ ကျေးရွာကို ဝင်ရောက်ခဲ့ပြီး ကျေးရွာသား ကိုထွန်းထွန်းဝင်းကို ခေါင်းဖြတ် သတ် ခဲ့ကြောင်း၊ ယင်းနောက် ကိုထွန်းထွန်းဝင်း၏ ငယ်ပါကို ဖြတ်တောက်ပြီး ခေါင်း ပြတ်၏ ပါးစပ်ထဲသို့ ထိုးထည့်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်က ဒီပဲယင်းကွဲကျေးရွာမှ အိမ်ခြေများကို မီးရှို့ဖျက်ဆီးရာ ပြည်သူပိုင် နေအိမ် ၅၃ လုံး မီးလောင် ပျက်စီး ပြာကျသွားကြောင်း သိရှိရသည်။

စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို မကြာခဏဆိုသလို အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ တွင်တ စ်ကြိမ် ၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ တွင် ဒုတိယအကြိမ် အဖြစ် စီးနင်းခဲ့ကာ ဒုတိယအကြိမ် ဝင်ရောက်စီးနင်းမှုတွင် ဒီပဲယင်းကျေးရွာ တွင် သီတင်း သုံးနေသော သီတဂူ ဗုဒ္ဓ တက္ကသိုလ်ကျောင်းဆင်း မဟာ ဘွဲ့ရ ဆရာတော်အခြားပြည်သူ ၃ ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း၊ အိမ်ခြေ ၇၀ ကျော် ကိုလည်း မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article