28 C
Yangon

စစ်တပ်က ညအချိန် မင်းတပ်မြို့နယ်ကို လေကြောင်းမှ တစ်ဆင့် ဗုံးကျဲ ၊ ကလေးမြို့တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်ပြည်သူ ၁ ဦးဒဏ်ရာရရှိပြီး နေအိမ်တချို့ ပျက်စီး

Must read

စစ်တပ်က ညအချိန် မင်းတပ်မြို့နယ်ကို လေကြောင်းမှ တစ်ဆင့် ဗုံးကျဲ ၊ ကလေးမြို့တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်ပြည်သူ ၁ ဦးဒဏ်ရာရရှိပြီး နေအိမ်တချို့ ပျက်စီး

ရန်ကုန်၊ ဧပြီ ၁၉

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တစ်နေရာကို ယမန်နေ့ ဧပြီ ၁၈ ရက်နေ့ ည ၉ နာရီအချိန် စစ်ကောင်စီဂျက်ဖိုက်တာနဲ့ တိုက်ခိုက်သွားတယ်လို့ CDF မင်းတပ်က ထုတ်ပြန်ပါတယ်။

မင်းတပ်နယ်ကို လာရောက်တိုက်ခိုက်တဲ့ဂျက်ဖိုက်တာက တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာ ဖြစ်ပြီး ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကျတဲ့တည်နေရာနဲ့ ပျက်စီးမှု ကိုသိရှိရခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့ရာမှာတော့ ဗုံးတွေဟာ တောတောင်ထဲတွေကျပြီး ရှားပါးရစ်မျိုးစိတ်ဌက်တွေသေဆုံးခဲ့ရပါတယ်။

ဧပြီ ၁၈ ရက်နေ့လယ်ပိုင်းမှ စပြီး မင်းတပ်နယ်၊ ယောနယ်တွေမှာ ဆက်သွယ်ရေး ဖုန်းလိုင်း တွေအားလုံးကိုစစ်ကောင်စီကဖြတ်တောက်ထားပြီး ဒေသခံသတင်းရင်းမြစ်တွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲနေပါတယ်။ ယောဒေသတော်လှန်ရေးအင်အားစုတွေက ပြည်သူတွေကို လေကြောင်း သတိရှိ ကြဖို့၊ လူစုလူဝေးမလုပ်ကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

ဒါ့အပြင် ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ မနေ့ ဧပြီ ၁၈ ရက်ည ၈ နာရီခွဲကနေ ၁၀ နာရီထိ ပစ်ခတ်မှုဖြစ်ပွားပြီး ရပ်ကွက်တွင်းလူနေအိမ်အချို့ပျက်စီးကာ ပြည်သူ ၁ ဦးဒဏ်ရာရရှိတယ် လို့ဒေသသတင်းရင်းမြစ် Zalen က သတင်းဖော်ပြပါတယ်။

တာဟန်းရပ်ကွက် ပန်းသီတိုက်လမ်းကြားအနောက်ဘက်မှာရှိတဲ့ လူနေအိမ် ၄ လုံး လက် နက်ကြီးထိမှန်လို့ပျက်စီးသွားပြီး တာဟန်း B Group ဘက်မှာလည်း လူနေအိမ်ပေါ် လက် နက်ကြီးကျလို့ လူတစ်ဦးဒဏ်ရာအနည်းငယ်ရရှိကာ လူနေအိမ်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

နေအိမ်တွေကို ပျက်စီးစေပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိစေခဲ့တဲ့ လက်နက်ကြီးကျည်ကတော့ စစ်တပ်က အသုံးပြုနေတဲ့ လက်နက်ကြီးကျည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article