36 C
Yangon

စစ်တပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ကန့်ဘလူ ပြည်သူ ၁၇၀ ကျော်အတွက် ရက်လည်တရားနာ အမျှဝေရန် သံဃာမရှိ၍ ဖုန်းခေါ် ရေစက်ချ ဆွမ်းသွပ်ရ

Must read

စစ်တပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ကန့်ဘလူ ပြည်သူ ၁၇၀ ကျော်အတွက် ရက်လည်တရားနာ အမျှဝေရန် သံဃာမရှိ၍ ဖုန်းခေါ် ရေစက်ချ ဆွမ်းသွပ်ရ

ရန်ကုန်၊ ဧပြီ ၁၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ရတဲ့သူတွေအတွက် ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေက ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ရက်လည်တရားနာ အမျှဝေ ခဲ့ကြရတယ်လို့သိရပါတယ်။

“ဒီနေ့ရက်လည်လုပ်တယ်။ ဘုန်းကြီးကမကြွနိုင် တော့ ဖုန်းခေါ်ဆိုပြီး ရေစက် ချ အမျှဝေရတယ် ” လို့ ပဇီကြီးရွာနဲ့နီးစပ်တဲ့ သတင်းရင်း မြစ် ကပြောပါတယ်။

ပဇီကြီးကျေးရွာက ကျန်ရစ်ပြည်သူတွေဟာ တောတောင်တွေထဲမှာ တိမ်း ရှောင် နေကြရတာကြောင့် ဘုန်းကြီးကိုယ်တိုင်ကြွနိုင်ခြင်းမရှိတာကြောင့် ဖုန်းခေါ်ဆိုပြီး ရေစက်ချအမျှဝေရတယ်လို့ သတင်းရင်းမြစ်ဆီကသိရပါတယ်။

ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်း ပဇကြီးကျေးရွာ ပ.အ.ဖ ရုံးဖွင့်ပွဲကို စစ်ကောင်စီ က လေကြောင်းကနေပစ်ခတ်ခဲ့တာကြောင့် ကလေးသူငယ်တွေအပါအဝင် ပြည်သူ ၁၇၀ ကျော်သေဆုံးခဲ့တာဖြစ်ပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article